မက်ဆီရဲ့ ဖခင်လည်း ဖြစ်၊ အေးဂျင့်လည်း ဖြစ်တဲ့ ဂျော့ မက်ဆီက ဘာစီလိုနာအသင်း ဥက္ကဌ လာပေါ်တာနဲ့ ကတ်တလန် ကလပ်ထံ အပြန်လမ်းအတွက် ဆွေးနွေးနေပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ စပို့တင်း ကွင်းလယ် ခံစစ်သမား မန်နူရယ် အူဂါတီ ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကာ ချယ်ဆီးအသင်း နောက်ကောက်ကျ ကျန်ခဲ့ရပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး က ယူရို သန်း ၆၀ လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ မက် အယ်လစ္စတာ ကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၂၄-၄၈ နာရီ အတွင်း ဆေးစစ်မှု လုပ်ဆောင်မှာ ဖြစ်ပြီး ၂၀၂၈ ထိ ၅ နှစ်သက်တမ်း ရှိ စာချုပ် ချုပ်ဆိုမှာ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။

ဂွမ်ဒိုဂန် က မန်စီးတီးနဲ့ပဲ သက်တမ်းတိုး စာချုပ် ချုပ်ဖို့ သဘောတူညီမှု ရသွားပြီ ဆိုတဲ့ သတင်းတွေဟာ မမှန်သေးကြောင်း ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက ဖြေရှင်းလာပါတယ်။

ဘာစီလိုနာမှာ အပယ်ခံ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ ဖရန့် ကက်ဆီ ကို လီဗာပူးအသင်းက ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အိုင်ဗရီကို့စ်သား အတွက် ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖွယ် ရှိနေတယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။ ၎င်းကို အင်တာမီလန်ကလည်း စိတ်ဝင်စားနေတာပါ။

ဒီနွေမှာ ခရစ္စတယ်ပဲလေ့စ်ကနေ အလွတ်နဲ့ ထွက်ခွာတော့မယ့် တိုက်စစ်မှုး ဇာဟာ ကို အက်သလက်တီကို မက်ဒရစ်က ချိတ်ဆက်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှုး ဘန်ဇီမာ ဟာ ဆော်ဒီကလပ် Al-Ittihad ထံ ပြောင်းရွှေ့ဖို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။