လီဗာပူးအသင်းဟာ လာမယ့်ရာသီ အတွက် အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ်ထားတဲ့ မက်အယ်လစ္စတာကို ခေါ်ယူရေး ကစားသမားဘက်ခြမ်းနဲ့ အပြီးသတ် သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

သတင်းထောက် ရိုမန်နိုရဲ့ ဖော်ပြလာမှုအရ လီဗာပူးအသင်းဟာ အယ်လစ္စတာကို ၅ နှစ်စာချုပ်ပေးဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြီးသတ် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်ဘက်ကိုတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ထက် နည်းတဲ့ ပမာဏမျိုး ပေးရမယ် လို့ သိရတယ်။

လီဗာပူးဘက်က လာမယ့် ၄၈ နာရီ အတွင်း အယ်လစ္စတာကို ဆေးစစ်ဖို့ ပြင်ဆင်ထားပြီး နောက်အပတ်မှာတော့ ကစားသမားသစ်အဖြစ် တရားဝင် ကြေညာမှုတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါဟာ ဒီနွေအတွက် လီဗာပူးရဲ့ ပွဲဦးထွက် ခေါ်ယူမှုလည်း ဖြစ်လာမှာပါ။

ကိတ်တာ၊ ချိန်ဘာလိန်၊ မီလ်နာတို့ ထွက်ခွာသွားမယ့် ကွင်းလယ်အတွက် လီဗာပူးအသင်းက လူသစ် အင်အားဖြည့်မှာ ဖြစ်ပြီး ကွင်းလယ်လူ ၃ ဦးလောက်ထိ ခေါ်ယူမယ်လို့ သတင်းကြီးထားတာပါ။ လီဗာပူး ပစ်မှတ်တွေထဲမှာ အယ်လစ္စတာက အရေးအကြီးဆုံး ဖြစ်ပါတယ်။

နည်းပြကလော့ပ်ဟာ ချယ်ဆီးမှ မေဆန်မောင့်နဲ့ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်တို့ကို နောက်ထပ် ပစ်မှတ်တွေအဖြစ် ချိန်ရွယ်ထားပါသေးတယ်။ ဒါ့အပြင် အန်ဖီးကလပ်ဟာ ပရီးမီးယားလိဂ်နဲ့ အခြားသော လိဂ်မှာ လူငယ် ကွင်းလယ်လူပေါင်း များစွာနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားနဲ့ ဒီဇာဘီရဲ့ ဘရိုက်တန် အသင်းမှာ အထူးခြေစွမ်းပြနေတဲ့ အယ်လစ္စတာဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး ရထားတာပါ။ သူဟာ ၂၀၁၉ ဇန်နဝါရီက အာဂျင်တီးနားကလပ် အာဂျင်တီနိုစ့် ဂျူနီယာကနေ ဘရိုက်တန်ကို ပေါင် ၇ သန်းနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။