၂၀၂၂-၂၃ ရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ကြည့်ရင် ကိုပါဒယ်ရေး အောင်မြင်ခဲ့ပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ်မှာတော့ ကျရှုံးခဲ့ပါတယ်။

ကစားသမား တိုးတက်မှုအပိုင်းမှာဆိုရင်လည်း ဗီနီစီးယပ်၊ ရိုဒရီဂိုနဲ့ ကာဗာမင်ဂါတို့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်များစွာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ရာသီသစ် မတိုင်ခင် ရီးရဲလ်မက်ဒရစ်ဟာ နေရာအချို့အတွက် အင်အားမြှင့်တင်ဖို့ လိုအပ်ပါသေးတယ်။

ဒီနွေရာသီမှာ သူတို့ အင်အားဖြည့်တင်းသင့်တဲ့ နေရာသုံးခုက ဘာတွေဖြစ်မလဲ။ လေ့လာကြည့်ရအောင်ပါ။

(၃) ဗဟိုကွင်းလယ်

တိုနီခရူးစ် (၃၃နှစ်)၊ လူကာမိုဒရစ် (၃၇နှစ်) တို့ အသက်ရလာခြင်းကြောင့် ကွင်းလယ်မှာ စွမ်းရည်လျော့ပါးလာတာကို မြင်တွေ့ရတာ အမှန်ပါပဲ။ နှစ်ယောက်လုံးက ဒီရာသီမှာ အသင့်အတင့် ကောင်းမွန်ခဲ့ပေမယ့် နောက်ရာသီမှာ ချူအာမန်နီရယ်၊ ဗာဗယ်ဒီနဲ့ ကာမာဗင်ဂါတို့နဲ့ တွဲဖက်မယ့် စွယ်စုံရ ကွင်းလယ်လူတစ်ယောက် လိုအပ်ပါလိမ့်မယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ဟာ ဂျူ့ဒ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ လုပ်နေပါတယ်။ ဘယ်လင်ဟမ်ကို စွယ်စုံရ လူငယ်ကို ခေါ်လိုက်နိုင်ရင် ကွင်းလယ်ကို တည်ငြိမ်စေမှာတင်မကပဲ အသင်းရဲ့ ဖန်တီးမှု အဆင့်အတန်းကိုပါ တိုးတက်စေမှာပါ။

(၂) ဘယ်နောက်တန်း

ဖာလန်မန်ဒီရဲ့ ဒဏ်ရာက ဒီရာသီ ရီးရဲလ်ရဲ့ ဘယ်နောက်တန်းက အားနည်းမှုကို လစ်ဟာပြခဲ့တာပါ။ ကာမာဗင်ဂါကို ဘယ်နောက်တန်းမှာ ခဏခဏ ဆင်းကစားခဲ့ရပါတယ်။ ဘယ်နောက်တန်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာ ကောင်းခဲ့ပေမယ့် မန်ဒီအတွက် ပြိုင်ဘက်ကောင်းဖြစ်မယ့်သူတစ်ယောက်ကို ခေါ်ယူဖို့ လိုအပ်ပါတယ်။

ဘယ်ခြမ်းအစွန်လူသစ် တစ်ဦး ခေါ်ယူခြင်းဟာ ဘယ်နောက်တန်းအတွက် ရွေးချယ်စရာ တိုးလာရုံတင်မက ပြိုင်ဆိုင်မှုအဆင့်ကိုလည် မြင့်သွားစေမှာပါ။ လက်တလောမှာ သီယို ဟာနန်ဒက်၊ အန်ဒီရော်ဘတ်ဆန်၊ ဂျွာအို ကန်ဆယ်လိုတို့နဲ့ သတင်းထွက်နေပါတယ်။

(၁) ဗဟိုတိုက်စစ်

ဘန်ဇီမာ မရှိရင် ရီးရဲလ်မက်ဒရစ်ကို ဦးဆောင်ပေးမယ့် ရှိန်လောက်စရာ အရံတိုက်စစ်မှူး မရှိနေတာ သိသာပါတယ်။ ဒါကြောင့် အရံသင့် အသုံးပြုနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေရမှာပါ။ စပါးမှ ဟယ်ရီကိန်းကို မက်ဒရစ်ဘက်က သဘောကျထားခဲ့ပြီး လက်တလောမှာ ကိုင်ဟာဗက်ကို သဘောတွေ့နေပါတယ်။

တိုက်စစ်မှူးသစ်ဟာ အန်ဆလော့တီရဲ့ တိုက်စစ်ရွေးချယ်စရာတွေကို မြှင့်တင်ပေးမယ့် အပြင် နေရာပြိုင်ဆိုင်မှု အဆင့်အတန်းကိုလည်း မြင့်တက်လာစေမှာပါ။