မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ကပဲ ချယ်ဆီး ကွင်းလယ် ကစားသမား မေဆန်မောင့် အတွက် ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ခဲ့ပြီး ထပ် ပယ်ချခံခဲ့ရကြောင်း သတင်းထွက်လာပါတယ်။
ယူနိုက်တက်ဟာ မောင့် အတွက် အရင်အပတ်က ပေါင် သန်း ၄ဝ နဲ့ စတင် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ချယ်ဆီးကတော့ အင်္ဂလန်သား အတွက် ပေါင် သန်း ၇ဝ အနည်းဆုံး အလိုရှိနေတာပါ။
မောင့်ဟာ ချယ်ဆီးနဲ့ လက်ရှိ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း ငြင်းဆန် ထားတာကြောင့် ဒီနွေမှာ မရောင်းရင် နောက်နှစ်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ပြုရမလို ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနွေမှာ ချယ်ဆီးတို့ မောင့်ကို ရောင်းဖို့ အပြောင်းအရွှေ့ ဖြစ်အောင် ဆိုဈေးကို ပြင်လာခဲ့ပါပြီ။
The Athletic သတင်း အဆိုအရ ယူနိုက်တက်ဟာ ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာ မောင့် အတွက် ပေါင် ၄၅ သန်း + ထပ်ဆောင်း ဆုကြေး ပေါင် ၅ သန်း ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီတကြိမ်မှာတော့ ချယ်ဆီးဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှု ပယ်ချပြီးနောက် မောင့်အတွက် တန်ကြေးကို အနည်းငယ် လျှော့ပေးခဲ့ပါတယ်။
ချယ်ဆီးက မောင့် အတွက် ပေါင် သန်း ၆ဝ လက်ငင်း ပြောင်းရွှေ့ကြေး + ထပ်ဆောင်း ဆုကြေး ပေါင် ၅ သန်း နဲ့ ကမ်းလှမ်းဖို့ ယူနိုက်တက်အား အကြောင်းပြန် ညှိနှိုင်းလာတာပါ။ ဒါကြောင့် ကလပ်နှစ်သင်းကြား သဘောတူညီမှု ရဖို့က နီးစပ်လာနေပြီလို့ သိရပါတယ်။
ယူနိုက်တက်ကလည်း ဒီကလန် ရိုက်စ် ကို ခေါ်ယူဖို့ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ အပြိုင် ကြိုးစားရဦးမှာကြောင့် မောင့် ကိစ္စကို အမြန် အပြီးသတ်ချင်နေပါတယ်။