အမ်ဘာပေ ဟာ လာမယ့်ရာသီမှာ တစ်ရာသီလုံး အရန်ခုံ ထိုင်နေရသည် ဖြစ်စေ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေမယ် လို့ သိရပါတယ်။ ပြင်သစ်ကလပ်က ရောင်းထုတ်လိုပေမယ့် ဘာပေက စာချုပ်ကုန်သည်ထိ နေမယ် ဆုံးဖြတ်ထားတာပါ။
လီဗာပူးအသင်းဟာ နိုက်ကွင်းလယ်လူ သူရမ်ကို ခေါ်ယူရေး စိတ်ဝင်စားမှု လျော့ကျသွားခဲ့ကာ ခံစစ်မှူးသစ် တစ်ဦး ရရှိရေးဘက်ကို ပိုမို အာရုံစိုက်လာနေပါတယ်။
မောင့်ပယ်လီရာ တိုက်စစ်မှူး ဝါဟီနဲ့ ဂျူဗင်တပ် တိုက်စစ်သမား ဗလာဟိုဗစ်တို့ကို ခေါ်ယူရေး ချယ်ဆီးဘက်က ပစ်မှတ်ထားလာနေပါတယ်။ တိုက်စစ်မှုး ဝါဟီကို အာဆင်နယ်ကလည်း စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီအပတ်မှာပဲ ဂိုးသမား အိုနာနာ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆာစီရဲ့ အေးဂျင့်နဲ့ စကားပြောနေသလို ဖရက်ဒ်ကိုတော့ ဖူလ်ဟမ်အသင်းနဲ့ ညိနှိုင်းခွင့်ပေးဖွယ် ရှိပါတယ်။
ယူရို ယူ-၂၁ ပြိုင်ပွဲ အပြီးသတ်ခဲ့ပြီမို့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါဟာ သူ့ရဲ့ အနာဂတ်ကို လာမယ့် သီတင်းပတ်တွေမှာ ဆုံးဖြတ်ပေးသွားတော့မှာပါ။ ဗီဂါက ချယ်ဆီး နည်းပြ ပိုချက်တီနိုက အလိုချင်ဆုံး ရှိနေပြီး လီဗာပူးကလည်း ချိတ်ဆက်နေပါတယ်။
ခံစစ်မှူး မက်ဂွဲရားအတွက် မန်ချက်စတာ ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ လို့ ဈေး သတ်မှတ် ထားတာကြောင့် ကမ်းလှမ်းလိုတဲ့ ကလပ် နည်းပါးနေပါတယ်။
ဂျူဗင်တပ် ကွင်းလယ်လူ ပေါ့ဘာဟာ ဒီနွေမှာ ဆော်ဒီလိဂ်ထံ ပြောင်းဖွယ် မရှိဘဲ စီးရီးအေမှာပဲ ဆက်ရှိနေပါလိမ့်မယ်။
တိုက်စစ်မှုး ဟယ်ရီ ကိန်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ဆက်ထိန်း သွားမှာပါလို့ စပါးနည်းပြသစ်က ပြောဆိုလိုက်ပါတယ်။