တော့တင်ဟမ် စပါး နည်းပြဟောင်း ဟယ်ရီ ရက်နပ်ကတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်က ဗိုလ်စွဲလိမ့်မယ် လို့ ထူးထူးခြားခြား ပြောဆိုလာပါတယ်။
ဟယ်ရီ ရက်နပ်က မန်ချက်စတာ ယူနိုက်တက် ကို တမူထူးခြား ပြောင်းလဲပေးမှာက အဲရစ်တန်ဟက်ပဲ ဖြစ်တယ်လို့ ယုံကြည်နေပြီး အခုလို သုံးသပ်စကား ဆိုပါတယ်။
” တကယ်တော့ ကျနော်က ပရီးမီးယားလိဂ် ဖလားဟာ မန်ချက်စတာမှာပဲ ဆက်ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် လူတိုင်းထင်တဲ့ မန်ချက်စတာကလပ် (မန်စီးတီး) တော့ မဟုတ်ဘူးဗျ။
အဲရစ်ဆန်ဟက်က ဆိုရင် သူ့ရဲ့ ပထမ ရာသီအတွက် အတော် ကောင်းကောင်း လုပ်ပြထားခဲ့တယ်။ ဒါ့အပြင် ဒီနွေမှာလည်း သူ့ စိတ်ကြိုက် ခေါ်ယူမှုတွေ လုပ်နိုင်ထားတယ်။
မေဆန်မောင့်ကိုဆို ကျနော် အမြဲ သဘောကျတာ။ သူ့ကို ရလိုက်တာက ယူနိကု်တက် ကွင်းလယ် အတွက် အားဖြည့်မှုကောင်းပဲ။
အင်ဒရေ အိုနာနာ ဆိုရင်လည်း ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ပါ။ ဟွိုင်လန်းက လောလောဆယ် သူတို့အတွက် ပထမ ဦးစားပေး တိုက်စစ်မှုး ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါပေမယ့် အလားအလာကောင်းတွေ ရှိထားသူပါ။
ယူနိုက်တက်မှာ တန်ဖိုးကောင်းတွေ ရှိနေတယ်။ ကျနော့် အမြင်မှာတော့ သူတို့က လာမယ့် ရာသီမှာ အသင်းတိုင်းကို ခြိမ်းခြောက်နိုင်လိမ့်မယ်ဗျာ။ ” လို့ ရက်နပ်က အခိုင်အမာ ပြောဆိုခဲ့တာပါ။
နည်းပြ တန်ဟက်ကတော့ ရာသီတောင် မစခင် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ဖလား ကိစ္စတွေ မပြောကြပါနဲ့ဦး လို့ ဖိအားလျှော့အောင် ပြောဆိုထားပါတယ်။