အိမ်ကွင်း အမ်းမရိတ်မှာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင် ကန်ရတာ သိပ်ပျော်ဖို့ကောင်းတယ်လို့ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
မနေ့ညက ဂန်းနားတို့ ၃-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ အာဆင်နယ်ဟာ စွမ်းဆောင်ရည် ကောင်းပေမယ့် ဂိုး အရင်ရခဲ့တာက ယူနိုက်တက်ဖြစ်တာမို့ ရလဒ်ပိုင်းအတွက် နောက်ကလိုက်ကစားခဲ့ရတာပါ။ ဒါကို အိုဒီဂတ်က ရင်ခုန်နေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပွဲတွေဟာ ပွဲချိန် မိနစ် ၉၀ အပြင် အချိန်ပိုတွေ အများကြီး ပါဝင်လာတာပါ။ ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ ဒုတိယပိုင်း အချိန်ပိုက ၈ မိနစ် ဆိုပေမယ့် ၁၀ မိနစ်ကျော် ရောက်သွားခဲ့ပါတယ်။
အိုဒီဂတ် က အာဆင်နယ်တို့ ဦးဆောင် ဂိုး ပေးပြီးမှ ပြန်လိုက် ကစားကာ အနိုင်ယူတာ အတွက် ပို သဘောကျ ကျေနပ်နေပါတယ်။
အိုဒီဂတ်က ” အိမ်ကွင်းမှာ ကစားရတာ ကြိုက်တယ်၊ အားပေးမှု အံ့မခန်းဘဲ၊ နောက်ကနေ ပြန်လိုက် ကစားရတာ ပိုပြီး ရင်ခုန်တယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖီလင်ပါပဲ။
ဒီခံစားချက်အတွက်ပဲ ဘောလုံးကစားတာပါ။ ကျနော်တို့ကို အားပေးတဲ့ ပရိသတ်တွေကို နိုင်ပွဲ ပြန်ပေးနိုင်တဲ့ ဖီလင်က သိပ်ကောင်းတာပါပဲ ” လို့ ရင်ဖွင့်သွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၄ ပွဲကစား ရမှတ် ၁၀ မှတ် ရယူထားနိုင်ပြီ ဖြစ်ပါတယ်။