မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတော့ အာဆင်နယ်ကို နောက်ကျဂိုးတွေနဲ့ အရေး နိမ့်ခဲ့ရတဲ့ အပေါ် စိတ်ပျက်နေပါတယ်။
ယူနိက်တက်က သရေကျဖို့ လုပ်ပြီးမှ အခုလို ရှုံးခဲ့ရတာ အတွက် သူ့ ခံစားချက်တွေကို ဖာနန်ဒက်စ်က အခုလို ရင်ဖွင့်လာခဲ့ပါတယ်။
” ကျနော် ကတော့ ပွဲက ခြေရည်တူခဲ့တယ် လို့ ခံစားရတယ်။ သူတို့ကတော့ ဘောလုံး ပို ကိုင်ရတယ်။ ဒါကလည်း ကျနော်တို့ သေချာ ပေးကိုင်ထားခဲ့တာပါ။ ကောင်တာကနေ ကျနော်တို့ ကောင်းကောင်း ခြိမ်းခြောက်နိုင်တယ် ဆိုတာ သဘောပေါက်တယ်လေ။
ဒါပေမယ့် ပွဲပြီးတာက ပြီးသွားပြီ။ ဂိုးကလည်း လူကျွံတယ်ဆို ကျွံတယ်ပေါ့၊ ပြန် ပြောင်းလဲလို့ မရတော့ဘူး။ ပွဲက ကောင်းခဲ့ပေမယ့် ရလဒ်ကိုတော့ စိတ်ပျက်မိတယ်။
အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်အားထက်သန်မှုက အားရ စရာပါ။ ဒီပုံစံတိုင်းသာ ဆက်လုပ်နိုင်မယ် ဆိုရင် ရလဒ်ကောင်းတွေ ရလာမှာပါပဲ။
ဒီပွဲကတော့ အသေးအမွှား ကိစ္စလေးတွေက ပွဲကို ပြောင်းလဲ သွားစေခဲ့တာ။ ရှုံးသွားတဲ့ ပုံက စိတ်ပျက်စရာ ဖြစ်ပေမယ့် ကျနေ်ာကတော့ ဒီပွဲကနေ အကောင်းမြင်စရာလေးတွေ ရှိတယ်လို့ပဲ ခံယူပါတယ်။ ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။