အင်္ဂလန် တိုက်စစ်မှုးဟောင်း ဒန်နီရယ် စတားရစ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်က လီဗာပူးကနေ ထွက်ခွာသွားခဲ့သူ ဖြစ်ပြီး သူ မရှိတဲ့နောက် ၁ နှစ်အကြာမှာပဲ ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

စတားရစ် က လက်ရှိမှာတော့ ဘောလုံး ကစားခြင်းကနေ အနားယူသွားပြီ ဖြစ်ပြီး လက်တလော စကိုင်းစပေါ့မှာ သုံးသပ်သူအဖြစ် လုပ်ဆောင်နေပါတယ်။

၂၀၂၀ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ ရွှေဖလား အောင်မြင်ခဲ့တဲ့ အာဆင်နယ် နှစ်သင်းထဲက တစ်သင်းမှာ ကစားရမယ်ဆိုရင် ဘယ်အသင်းအတွက် ကစားလိုသလဲ လို့ စတားရစ် တစ်ယောက် မေးခွန်းထုတ်ခံခဲ့ရပြီး အင်္ဂလန်သားက အခုလို တုန့်ပြန်ခဲ့ပါတယ်။တယ်။

စတားရစ်ကတော့ ” The Invincibles ပေါ့။ အဲ့ဒီမှာက ကျနော်ရဲ့ ဟီးရိုး ကစားသမား အချို့ ပါဝင်နေတာပါ။ သီယာရီ၊ ရော်ဘတ် ပီရက်စ်၊ ဘားကမ့်တို့ပေါ့။

လီဗာပူးကနေ ကျနော် ထွက်ပြီးတဲ့နောက် အသင်းက ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တယ်။ ကျနော် အသင်းဖော်တွေနဲ့အတူ ပရီးမီးယားလိဂ်ဖလား အောင်မြင်တဲ့ အတွေ့အကြုံ ရခဲ့မယ်ဆိုရင်လည်း ကောင်းမှာပါ။ ကျနော်က အဲ့မှာ နှစ်အတန်ကြာ ကစားခဲ့တာပါ ” လို့ ဖြေဆိုခဲ့ပါတယ်။

ရွှေဖလား အောင်မြင်ခဲ့တဲ့ အာဆင်နယ်ဟာ အခုချိန်ထိ အင်္ဂလန်မှာ တစ်သင်းတည်းသော ရှုံးပွဲမရှိ ချန်ပီယံဖြစ်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။