ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီး v နော်တင်ဟမ် ဖောရက်စ်

ဒီလထဲမှာ နော်တင်ဟမ် ဖောရက်စ်က အံ့ဩစရာ ရလဒ်တစ်ခုအဖြစ် ချယ်ဆီးကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီး အနိုင်ရလွဲလို့ အခြားရလဒ် ထွက်ပေါ်မယ် မထင်ပါဘူး။

လီဗာပူးနဲ့ အာဆင်နယ်တို့ တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပြီး လက်ရှိ ချန်ပီယံတွေက သူတို့ပွဲကို အနိုင်ယူကာ ပြိုင်ဘက်တွေကို ဖိအားပေးဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၁ ဖောရက်စ်။

ဘန်လေ v မန်ချက်စတာ ယူနိုက်တက်

မန်ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပြီး ဒီပွဲကို သေချာပေါက် အနိုင်ရဖို့ လိုအပ်ပါတယ်။ ဘန်လေကို ရင်ဆိုင်ရာမှာ အနိုင် ၃ မှတ်မရဘူးဆိုရင် နည်းပြတန်ဟက်က ဖိအားတွေအောက် ရောက်သွားမှာပါ။

ယူနိုက်တက်ရဲ့ ခံစစ် အခြေအနေအရ ဘန်လေတို့ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ထင်ပေမယ့် သရဲနီတွေကပဲ အနိုင် ၃ မှတ်ရပါလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘန်လေ ၁-၂ မန်ချက်စတာ ယူနိုက်တက်

အာဆင်နယ် v တော့တင်ဟမ် စပါး

သိပ်ကြီးမားတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ တာထွက်ကောင်းနေမှုကြောင့်လည်း ဒီပွဲကို ပိုပြီး အာရုံစိုက်စရာ ဖြစ်နေပါတယ်။ ကျနော်ကတော့ ဒီပွဲကို အာဆင်နယ်တို့ ခပ်လွယ်လွယ်နိုင်မယ် ထင်ပါတယ်။

စပါးတို့ တာထွက်ကောင်းနေပေမယ့် သူတို့ တိုက်စစ်ဖွင့်ကစားရင် အာဆင်နယ်က သူတို့ကို လွယ်လွယ်ကူကူ ဖျက်ဆီးလိုက်မှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၄-၁ စပါး။

ချယ်ဆီး v အက်စတွန်ဗီလာ

ချယ်ဆီးက သူတို့ရဲ့ အကောင်းဆုံး ဘောလုံးရာသီကို ရနေခြင်း မရှိပါဘူး။ ချယ်ဆီးရဲ့ စွမ်းဆောင်ရည်က အညံ့ကြီး မဟုတ်ပေမယ့်လို့ သူတို့တွေ ဂိုးရအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတာပါ။

ချယ်ဆီးတို့ တိုက်စစ်မှာ အရှိန်ကောင်းကောင်း ကစားနိုင်ရင် ဗီလာကို နာကျင်အောင် လုပ်နိုင်ပါတယ်။ သရေပွဲဖြစ်မယ် ထင်မိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၁-၁ ဗီလာ။

လီဗာပူး v ဝက်စ်ဟမ်း

မန်စီးတီးကို ၃-၁ ရလဒ်ဖြင့် အရေးနိမ့်ပေမယ့် ပြီးခဲ့တဲ့ အပတ် ဝက်စ်ဟမ်း ကစားသွားတာ မဆိုးပါဘူး။ လီဗာပူးကလည်း ဝုဗ်ပွဲမှာ ရလဒ်ကို ပြန်ပြီး ပြောင်းလဲခဲ့နိုင်ခဲ့တယ်။ မက်ကယ်လစ္စတာနေရာ ဒီယက်ဇ် ဝင်ကစားချိန်မှာ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။

ဝက်စ်ဟမ်းက ကောင်တာမှာ အတော်လေး ကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးပဲ နှားတစ်ဖျား အသာရသွားမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၁-ဝ ဝက်စ်ဟမ်း။

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

  • Crystal Palace 1-0 Fulham
  • Luton 0-2 Wolves
  • Brentford 2-0 Everton
  • Brighton 3-0 Bournemouth
  • Sheffield United 0-3 Newcastle