ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

မန်စီးတီး v နော်တင်ဟမ် ဖောရက်စ်

လက်ရှိ ချန်ပီယံ မန်စီးတီးက နောက်ဆုံး ကစားထားတဲ့ ဝက်စ်ဟမ်းပွဲမှာ ရှယ် ထောင်းခဲ့တာ၊ ဒီပွဲလည်း သူတို့ပဲ နိုင်မှာပဲ။ ဖောရက်စ်ထံက အဆင်ပြေတဲ့ ဘောလုံးရာသီမျိုး မျှော်လင့်ထားပေမယ့် မန်စီးတီးကိုတော့ သူတို့ ဘာမှ မလုပ်နိုင်ပါဘူး။

ဘာဘာတော့ဗ်ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ ဖောရက်စ်။

ဘန်လေ v မန်ချက်စတာ ယူနိုက်တက်

ဒီလိုပွဲကို အနိုင်ယူဖို့ မန်ယူနိုက်တက်က အဆင်သင့်ဖြစ်နေပါပြီ။ ဘိုင်ယန်ပွဲမှာ အကောင်းမြင်စရာတွေ ရှိခဲ့တယ်။ ဒီပွဲ ယူနိုက်တက် နိုင်မှာပါ။ မနိုင်ရင်လည်း ဝေဖန်ခံရတာတွေ ပြည့်သွားတော့မှာပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဘန်လေ ဝ-၂ မန်ချက်စတာ ယူနိုက်တက်

အာဆင်နယ် v တော့တင်ဟမ် စပါး

ဘယ်အသင်းမဆို နိုင်နိုင်တယ်။ ဒါက ဒါဘီပွဲမို့ အမှတ်ပေးဇယားပေါ်က အဆင့်ရပ်တည်ချက်က အရေးမကြီးပါဘူး။ ဘယ်သူက ပိုနိုင်ချင်သလဲအပေါ် မူတည်တယ်။ ကျနော်တော့ သရေကျသွားမယ်ထင်တယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၂ စပါး။

ချယ်ဆီး v အက်စတွန်ဗီလာ

ချယ်ဆီးမှာ ကစားသမားကောင်းများပေမယ့် ဒဏ်ရာတွေ အပြည့်ပဲ။ သူတို့ ဒီဒဏ်ရာကြောင့် လေ့ကျင့်ရေး နည်းလမ်းတွေကို ပြင်ဆင်တာ၊ ဆေးအဖွဲ့ကို ပြင်ဆင်တာ လုပ်သင့်ပြီ။ တချို့လူတွေ အံ့ဩလောက်ပေမယ့် အက်စတွန်ဗီလာ အနိုင် မှန်းပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၁-၂ ဗီလာ။

လီဗာပူး v ဝက်စ်ဟမ်း

လီဗာပူးတို့ ပွဲစတာ အထနှေးနေတယ်။ ဝက်စ်ဟမ်းက ကစားတာက ကောင်းတယ်။ ဒီပွဲ သရေပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၂ ဝက်စ်ဟမ်း။

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Crystal Palace 1-1 Fulham
  • Luton 1-1 Wolves
  • Brentford 1-0 Everton
  • Brighton 2-0 Bournemouth
  • Sheffield United 1-1 Newcastle