ရမ်စ်ဒယ်၊ ယာယာ တို့ရဲ့ အာဆင်နယ် ဂိုးသမားနေရာ ပြိုင်ဆိုင်မှုအပေါ် ဝေဖန်ကြမှုတွေ ထွက်လာတာမို့ တိုက်စစ်မှူးဟောင်း အွန်နရီကတော့ သူ့အမြင်ကို အခုလို ပြတ်ပြတ်သားသား ပြောဆိုလာပါတယ်။

အွန်နရီက ” ဘယ်သူ မှားမှား ဘယ်သူ မှန်မှန် အာတီတာက နည်းပြဖြစ်ပါတယ်။ သူက ယာယာဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ် အနိုင်ရစေမယ့် နည်းပြအဖြစ် မြင်ပါတယ်။

လီနို ထွက်သွားတုန်းက ရမ်စ်ဒယ်ဟာ အာဆင်နယ်ကို ထိပ်ဆုံး ၄ သင်းစာရင်းထဲ ပြန်ပို့ပေးမယ့်သူလို့ အာတီတာ မြင်ခဲ့တယ်။ သူက ယာယာကို ရွေးရင် ယာယာ ပိုကောင်းတယ် ထင်လိုပဲ။ ဘာမှ အလှည့်ကျ လူထုတ်တာ မဟုတ်ဘူး။ လူတွေ ဒီအကြောင်း ပြောတာ ရပ်ကြဖို့ လိုနေပြီ။

ကလပ် အသင်းကြီးအတွက် ကစားချိန်မှာ ပြိုင်ဆိုင်မှုဆိုတာ ရှိမှာပဲ။ တိုက်စစ်သမား တစ်ဦးက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ကလပ်ကို ရောက်လာလို့ ကိုယ့်ကို ကျော်ပြီး ပွဲထွက်ခွင့်ရရင် ငါ့နေရာ သူဝင်ယူသွားပြီ ဆိုပြီး ငိုနေလို့ရလား?

ကိုယ့်နေရာကို အခြားသူ ဝင်ယူသွားတာက ခက်ခဲပေမယ့် ဒါက အလှည့်ကျ မဟုတ်ဘူး။ အာတီတာက သူ့ကို ပရီးမီးယားလိဂ် အနိုင်ယူပေးမယ်လို့ ထင်တဲ့ နည်းပြကို ရလိုက်တာပါ ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။

ရမ်စ်ဒယ်ကို ဦးစားပေး ဂိုးသမားအဖြစ် အသုံးပြုခြင်းဟာ တခန်းရပ်သွားပြီ ဖြစ်ဟန်ရှိကာ ယာယာရဲ့ အာဆင်နယ် ခေတ်တစ်ခု စတင်လာနေပြီ ဖြစ်ပါတယ်။