ဒီရာသီ ပွဲထွက် ကစားခွင့် မရတော့တဲ့ အာဆင်နယ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ကတော့ သူ့ အနေအထားကို လတ်တလော အင်တာဗျူးမှာ အခုလို ဖွင့်ဟလာပါတယ်။

” ကျွန်တော်က မီခေးလ် (အာတီတာ) နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သူ့ အနေနဲ့ ဘာနေနေ ကျွန်တော့်ကို ရှင်းပြနေစရာလည်း မရှိပါဘူး။

အခုက ကျွန်တော် စိတ်တည်တည်ငြိမ်ငြိမ် ထားပြီး နေ့စဉ် အလုပ်ကြိုးစား လုပ်နေဖို့ပဲ။ ပွဲ ကစားဖို့ အသင့် ရှိနေကြောင်း သူ သိအောင် ပြဖို့ပဲ။

ကျွန်တော့် အတွက်တော့ မန်နေဂျာရဲ့ ရုံးခန်း တံခါးကို သွားခေါက်ပြီး မေးဖို့ဆိုတာ ကျွန်တော့ အလုပ် မဟုတ်ဘူး၊ ဒါမျိုးက မှန်လည်း မမှန်ကန်သလို ကျွန်တော်လည်း မလုပ်ဖူးဘူး။

ကျွန်တော်က ကွင်းထဲမှာပဲ စကားပြောဆိုပါတယ်။ တီးတိုးတီးတိုး ကွယ်ရာမှာ ပြောတာမျိုး မလုပ်တတ်ဘူး။ ” လို့ ဂျော်ဂျင်ဟိုက ဆိုပါတယ်။

အီတလီသားကပဲ ဆက်လက်ပြီး ” အခု ကျွန်တော် အဆင်ပြေပါတယ်။ ပျော်ရွှင်ပါတယ်။ ကစားသမားတိုင်းကတော့ ပွဲ ကစားချင်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်ဘဝမှာက သူ့ အလိုလို ရလာတာမျိုး တခါမှ မရှိခဲ့ဘူး။ အမြဲ သွေးနဲ့ ချွေးနဲ့ ကြိုးစား လုပ်ဆောင်မှ ရတာချည်းပဲ၊ ခင်ဗျား သဘောပေါက်မမလားတော့ မသိဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။