ပြီးခဲ့တဲ့အပတ် ဘရိုက်တန်ကို အရေးနိမ့်အပြီး ရာထူးကနေ ထုတ်ပယ်ခံရဖို့ စတုတ္ထ ရေပန်းစားဆုံး နည်းပြဖြစ်နေခဲ့တဲ့ အဲရစ်တန်ဟက်ဟာ ကြားရက်မှာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ရှုံးပွဲအပြီး ရေပန်းစားမှု ပိုမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း တာထွက် မကောင်းမှုနဲ့အတူ နည်းပြတန်ဟက်ရဲ့ ထိုင်ခုံက လှုပ်ခတ်လာနေခြင်းဖြစ်ကာ လက်ရှိမှာတော့ ရာထူးက ထုတ်ပယ်ခံရနိုင်တဲ့ ပရီးမီးယားလိဂ် နည်းပြများ စာရင်းမှာ တတိယနေရာကို ရောက်လာ ခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက် နည်းပြ Paul Heckingbottom က ထုတ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်ကာ ဒုတိယ နေရာမှာတော့ အဲဗာတန်မှ ဆမ်ဒိုက်ဖြစ်ပါတယ်။

နည်းပြတန်ဟက်က တတိယနေရာ ရောက်လာခဲ့ခြင်းဖြစ်ကာ သူ့နောက်မှာ လူတန်နည်းပြနဲ့ ဘုန်းမောက်နည်းပြတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

ယူနိုက်တက်ဟာ ဒီအပတ် ဘန်လေပွဲကစလို့ ပြိုင်ပွဲစုံ ၇ ပွဲဆက်ကို အင်အားငယ်တဲ့ ကလပ်တွေဖြင့် ယှဉ်ပြိုင်ရဖို့ ရှိနေတယ်။

ဒီပွဲတွေမှာ နိုင်ပွဲ ဆက်တိုက် ယူနိုင်ဖို့ မျှော်လင့်ရပြီး မဟုတ်ခဲ့ရင်တော့ မကြာခင် ရက်တွေမှာ ပရီးမီးယားလိဂ်ကနေ ပထမဆုံး ထုတ်ပယ်ခံရတဲ့ ကြီး ၆ ကြီး မန်နေဂျာ ဖြစ်လာဖို့ ရှိနေပါတယ်။

Latest 2023-24 Premier League sack race odds

  • Paul Heckingbottom – 6/5
  • Sean Dyche – 4/1
  • Eric ten Hag – 7/1
  • Rob Edwards – 8/1
  • Gary O’Neil – 12/1
  • Marco Silva – 14/1