ဒီနေ့ မနက် အစောပိုင်း ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ဟာ တန်းတက် ဘန်လေ အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ကျဉ်းမြောင်းတဲ့ ရလဒ် ၁-ဝ ဖြင့် အနိုင်ရခဲ့ပါတယ်။

အီဗန်စ်ရဲ့ ပေးပို့မှုကနေ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် လှပတဲ့ အနိုင် ဂိုး ရယူခဲ့ခြင်း ဖြစ်ကာ ဖိအားများနေတဲ့ နည်းပြတန်ဟက်နဲ့ ကလပ်ကို ကယ်တင်နိုင်ခဲ့တာပါ။

ယူနိုက်တက်ရဲ့ ဒီနိုင်ပွဲဟာ စိတ်ဓါတ်ပိုင်းနဲ့ တိုက်ခိုက်ကစားမှုကြောင့်လို့ ယူနိုက်တက် နည်းပြက ယုံကြည်နေတယ်။

ဘန်လေနိုင်ပွဲ အပြီးမှာ သတင်းစာရှင်းလင်းပွဲမှာ နည်းပြ တန်ဟက်က ” ဒီပွဲကို နိုင်ဖို့လိုခဲ့တယ်။ ယူနိုက်တက်က ပြိုင်ဘက်ကောင်းတွေကို ရင်ဆိုင်ရတဲ့ ပွဲကောင်းတွေ ရှိခဲ့တာပါ။ အဲ့ဒီ ပွဲတွေကို မရှုံးခဲ့သင့်ဘူး။

ဒီနေ့ပွဲကတော့ နိုင်ကို နိုင်ရမှာပါ။ အသင်းလိုက် စိတ်ဓါတ်ပိုင်းနဲ့ အတူတကွ တိုက်ခိုက်လိုစိတ်က အံ့မခန်း ဖြစ်ခဲ့တယ်။ တိုက်စစ်ကို ၁၁ ယောက် ကစားပြီး ခံစစ်ကို ၁၁ ယောက် ကာကွယ်ခဲ့တယ်။ အသင်းဖော်ချင်း ကူညီခဲ့ကြတယ်။

ဒဏ်ရာ ပြဿနာတွေ ရှိပေမယ့် ကိုယ်က တိုက်ခိုက်ရမယ်၊ ရမှတ်အတွက် အလှည့်အပြောင်း လုပ်နိုင်မယ်လို့ ယုံကြည်ထားရမယ်။ အဝတ်လဲခန်းက အတူတကွနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ပွဲတွေကို အနိုင်ရလိုတယ်ဆိုရင် ခြေစွမ်း တည်ငြိမ်ရပါမယ်။ ဒါက ကစားပွဲတွေ အနိုင်ဖို့ အဓိက စွမ်းရည်ပါပဲ။ မနှစ် တုန်းက ကျနော်တို့ဟာ ပရီးမီးယားလိဂ်မှာ clean sheet အရဆုံးပါ။

စည်းစနစ်ကျကျနဲ့ စည်းမျဉ်းတွေကို လိုက်နာ ကစားမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ကစားဖို့ ပြိုင်ဘက်တိုင်း ခက်ခဲပါလိမ့်မယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဘန်လေကို အနိုင်ရအပြီး မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၈ နေရာကို တက်လာခဲ့ပြီ ဖြစ်ပါတယ်။