မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒီယိုဂို ဒါလော့ ကတော့ ယူနိုက်တက် ရှေ့ဆက်သွားနိုင်ဖို့ အသင်းဖော်တွေ အနေနဲ့ စံနှုန်းကောင်းကို ထိန်းထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် ဘရာဇီး လက်ရွေးစင် အသင်းကို ရွေးချယ် ကြေညာသွားရာ ယူနိုက်တက် တိုက်စစ်သမား အန်တိုနီ မပါဝင်ပြန်ပါဘူး။ ၎င်းဟာ ရည်းစားဟောင်းနဲ့ အမှုဆိုင်နေရတာကြောင့် ကလပ်ကရော နိုင်ငံအသင်းကပါ ဖယ်ထုတ်ခံထားရပါတယ်။

ဝါရင့် နောက်ခံလူ အီဗန်စ်ကတော့ နည်းပြ တန်ဟက် ဟာ ယူနိုက်တက် အတွက် အကောင်းဆုံး လုပ်ဆောင်ပေးနေကြောင်း ထောက်ခံလိုက်ပါတယ်။

ဘန်လေနဲ့ ပွဲပြီး အိမ်အပြန်မှာ ကား အက်ဆီးဒင့် ဖြစ်ခဲ့ရတော့ သူ ဘာမှမဖြစ်ဘဲ အခြေအနေ ကောင်းမွန်ကြောင်း လူမှုကွန်ယက်ကနေ အသိပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ မြန်နှုန်းမြင့်တဲ့ လိဂ်ပြိုင်ပွဲ ဖြစ်ပြီး အီတလီနဲ့ ခြားနားကြောင်း၊ အိုနာနာ အနေနဲ့ အသင်း မနိုင်ရင် သူ့ရဲ့ အားနည်းချက် လိုအပ်ချက်တွေအား ထပ်ပြီး လက်ညှိုးထိုး ပြစ်တင်ခံရမှာ ဖြစ်ကြောင်း ဒွိုက်ယော့ခ်က သတိပေးသွားပါတယ်။

ဘီဘီစီ က ရွေးချယ်တဲ့ ဒီတပတ် ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ယောက် အသင်းမှာ မန်ချက်စတာ ယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ်နဲ့ ဂျွန်နီ အီဗန်စ်တို့ ပါဝင်နေပါတယ်။

တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ဘန်လေနဲ့ ပွဲမှာ ဘောလုံးထိချက်က အိုနာနာ ထိခဲ့တဲ့ ၄၈ ကြိမ်ထက် နည်းနေပြီး ဘောလုံး ပေးပို့မှုမှာလည်း အိုနာနာက ၂၅၊ ရက်ဖို့ဒ်က ၂၄ သာ ရှိလို့ ထောက်ပြခံနေရပါတယ်။