အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးသစ် အလိုရှိနေပြီး ဇန်နဝါရီမှာ ဘရန့်ဖိုဒ့်အသင်းမှ တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူလိုနေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကစားသမား ကိုယ်တိုင်က သူ့ရဲ့ နောက် ကလပ်အသင်း အဖြစ် မှန်ကန်တဲ့ ဦးတည်ချက်ရှိတဲ့ အသင်းကို ရွေးချယ်လိုပြီး အာဆင်နယ်ပွဲတွေကို ငယ်တည်းက ကြည့်ရှုခဲ့ပါကြောင်း ထုတ်ပြောထားခဲ့ပါတယ်။
ဒါပေမယ့် ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်က ဒီသတင်းတွေကို လိုက်လံ ဆွေးနွေးနေလိုခြင်း မရှိသလို တိုနေးကို ရောင်းထုတ်ပေးဖို့ ဆန္ဒ မရှိကြောင်း ပြောဆို လာပါတယ်။
” အဲ့ဒီ အကြောင်းပြောဖို့ သိပ်စောနေသေးတယ်။ ဒီအကြောင်း ကျနော်တို့ စဉ်းတောင်မှ မစဉ်းစားဘူး။ ဈေးကွက် ပိုနီးလာချိန်မှာ ထပ်မေးကြပေါ့။ ဒီမေးခွန်း ဖြေပေးဖို့က စောနေပါတယ်။
ကျနော်ကတော့ တိုနေးကို မရောင်းလိုပါဘူး။ သူက ကမ္ဘာ့အဆင့် ကစားသမားပါ၊ ဘာလို့များ ကျနော်တို့က သူ့ကို ရောင်းချရမှာလဲ။ ဒါပေမယ့်လို့ အခြေအနေ အားလုံးက ကျနော်အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး ” လို့ သောမတ်စ် ဖရန့်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာဟာ ဂျေးဆု ရှိနေပေမယ့် တိုက်စစ်မှုးသစ် ထပ်မံ ခေါ်ယူအားဖြည့်လိုနေပါတယ်။