ဒီတပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ် ခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘုန်းမောက် v အာဆင်နယ်

ဘုန်းမောက်ကို ယုံကြည်လို့ မရပါဘူး။ မန်နေဂျာသစ် ဝင်လာပေမယ့် ပိုတိုးတက်လာရဲ့လား မသေချာပါဘူး။ ဒီပွဲအတွက် အာဆင်နယ် လူစာရင်းက ထိခိုက်မှုတွေ ရှိထားပေမယ့်လို့ နိုင်ပွဲရမယ် ထင်မိဆဲပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 0-1 အာဆင်နယ်

မန်ချက်စတာယူနိုက်တက် v ပဲလေစ့်

နှစ်သင်းလုံး တောင့်တင်းတဲ့ လူစာရင်းကို ထုတ်ကြမယ့် ဒီပွဲစဉ်ကတော့ ခြားနားမယ် ထင်ပါတယ်။ ပဲလေစ့်က ယူနိုက်တက်ကို ကောင်တာကနေ ထိုးဖောက်ဖို့ ရည်မှန်းထားမှာဖြစ်ပြီး ဒီပွဲက အကျိတ်အနယ် ရှိပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက်ပဲ အနိုင်ရသွားမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 2-1 ပဲလေစ့်

ဝုဗ် v မန်စီးတီး

စီးတီးတိုက်စစ်မှာ အဲဗာရက်စ်နဲ့ ဟာလန်းတို့ကို တွဲသုံးမယ်ဆိုရင် သူတို့ကို ရပ်တန့်နိုင်ဖို့ ခက်ခဲပါတယ်။ နယူးကာဆယ်ပွဲမှာ နူးနက်စ်၊ ဒိုကူတို့က ဒုတိယပိုင်းမှ လူစားဝင်ခဲ့ပေမယ့် ဒီပွဲမှာ ပွဲထွက်က ပါမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝုဗ် 0-3 မန်စီးတီး

တော်တင်ဟမ် စပါး v လီဗာပူး

ဒီပွဲမှာ သေချာတာကတော့ ဂိုးတွေ များပါလိမ့်မယ်။ ဆွန်ဟောင်မင်က လီဗာပူးကို သေချာပေါက် ပြဿနာတွေ ပေးမှာပါ။ လီဗာပူး တိုက်စစ်ကလည်း တူညီတဲ့ ပြဿနာတွေ ပြန်ပေးနိုင်ပါတယ်။ သူတို့ရဲ့ တိုက်စစ်သမားတိုင်း ဂိုးသွင်းနိုင်တယ်၊ ကွင်းလယ်က ဆိုဘိုစလိုင်ကလည်း ဂိုးသွင်းနိုင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ တော်တင်ဟမ် 2-3 လီဗာပူး

ဖူလ်ဟမ် v ချယ်ဆီး

ပြီးခဲ့တဲ့ ပွဲတည်းက သင်ခန်းစာ ရသွားပါပြီ။ ကျနော်ကတော့ ချယ်ဆီးဘက်က မနေတော့ပါဘူး။ ဒီပွဲမှာ ဖူလ်ဟမ်က အသာစီးရသွားမယ် ထင်ပါတယ်။ ဖူလ်ဟမ်တို့ ဂိုးသွင်းနိုင်ဖို့ မလွယ်ပေမယ့် ဒီပွဲမှာ သူတို့ ၁ ဂိုးသွင်းနိုင်ရင်ကို လုံလောက်ပါပြီ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် 1-0 ချယ်ဆီး

အခြားပွဲစဉ်များအတွက် ဆက်တန် ခန့်မှန်းချက်များ

  • Aston Villa 2-2 Brighton
  • Everton 2-0 Luton
  • Newcastle 4-0 Burnley
  • West Ham 2-0 Sheff Utd
  • Nottingham Forest 1-1 Brentford