ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဘုန်းမောက် v အာဆင်နယ်
နောက်အပတ် မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် အာဆင်နယ်တို့ နိုင်မှကိုဖြစ်မယ့် ပွဲစဉ်ပါပဲ။ ဒီပွဲမှာ အာဆင်နယ်အသင်း အနိုင် ၃ မှတ် ရသွားမယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 0-2 အာဆင်နယ်
မန်ယူနိုက်တက် v ပဲလေစ့်
ကြားရက်က ကာရာဘောင်းပွဲမှာ ထိပ်တိုက်တွေ့တဲ့ နှစ်သင်း ပြန်တွေ့တာပါပဲ။ ဒီပွဲမှာတော့ တူညီတဲ့ ဂိုးရလဒ်မျိုးနဲ့ မန်ယူနိုက်တက် အနိုင်ကလွဲလို့ အခြားရလဒ် ထွက်လာမှာ မဟုတ်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 3-0 ပဲလေစ့်
ဝုဗ် v မန်စီးတီး
လီဗာပူးကို ရင်ဆိုင်တဲ့ပွဲအတွင်း ပထမပိုင်းမှာ ဝုဗ်အသင်း ကစားခဲ့တာက ကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ လွင့်သွားခဲ့တာပေါ့။ သူတို့က ပြဿနာတွေ ပေးနိုင်တယ်ဆိုပေမယ့် ဒီပွဲကို မန်စီးတီးတို့ နိုင်သင့်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဝုဗ် 1-3 မန်စီးတီး
တော်တင်ဟမ် v လီဗာပူး
နောက်ကနေပဲ လိုက်ကစားနေရတာကို လီဗာပူးတို့ ရပ်တန့်ဖို့ လိုပါပြီ။ နှစ်သင်းလုံး နိုင်နိုင်တဲ့ ပွဲကောင်းတစ်ပွဲပါ။ ဒါပေမယ့် ကျနော်ကတော့ ၂-၂ ရလဒ် ထွက်မယ်လို့ ထင်ပါတယ်။ တစ်သင်းသင်းကို အနိုင်ပေးရမယ်ဆိုရင် စပါးပဲ ဖြစ်မှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ တော်တင်ဟမ် 2-2 လီဗာပူး
ဖူလ်ဟမ် v ချယ်ဆီး
ကာရာဘောင်းဖလားမှာ ချယ်ဆီးတို့ ရလဒ်ကောင်း ရခဲ့ပါတယ်၊ သူတို့ ရလဒ်ကောင်းလည်း လိုနေတာပါ။ ဒီပွဲမှာ ချယ်ဆီးအသင်း ရမှတ်တွေ ဆုံးရှုံးမယ်ဆိုရင် ကျနော်တော့ အံ့ဩသင့်မိမှာပဲ။ ကျနော် နှလုံးသားကတော့ ချယ်ဆီးတို့ ၁-၀ နဲ့ အနိုင်ရမယ်လို့ ပြောနေတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် 0-1 ချယ်ဆီး
အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းချက်များ
- Aston Villa 2-2 Brighton
- Everton 3-0 Luton
- Newcastle 3-0 Burnley
- West Ham 3-0 Sheff Utd
- Nottingham Forest 1-1 Brentford