လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ်ကတော့ စပါးပွဲမှာ VAR ဘက်က ဘယ်လိုတွေ ဆွေးနွေးခဲ့လဲ အသံဖိုင်ကို ချပြခဲ့ပေမယ့် စိတ်မဝင်စားပါဘူးလို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

ဒိုင်လူကြီး အများအပြား ပါဝင်ခဲ့ပေမယ့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်လာခဲ့သလို PGMOL က လီဗာပူးအသင်းကို တရားဝင် တောင်းပန်မှု ပြုလုပ်ခဲ့သလို ထိုအဖြစ်အပျက်က အသံဖိုင်တွေကိုလည်း ပေးအပ်ခဲ့ပါတယ်။

ကလော့ပ်ကတော့ တောင်းပန်တာတွေ ဘာတွေက အလုပ်မဖြစ်ဘဲ ဒီကိစ္စကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက ပွဲကို ပြန်ကန်တာပဲ ဖြစ်မယ်လို့ ဆိုလိုက်ပြီး ဒီလိုလည်း လုံးဝ ဖြစ်မလာနိုင်ဘူး လို့ ဆိုလိုက်ပါတယ်။

” အသံဖိုင်က ဘာမှ ပြောင်းလဲစေမှာ မဟုတ်ဘူး၊ အဲ့တာမျိုးတွေကို ကျနော် စိတ်မဝင်စားဘူး။ ဂိုးသွင်းခဲ့တာကို ကျနော် မြင်တယ်၊ ဂိုးမပေးတာကိုလည်း မြင်တယ်။ တကယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဒါကို ဖြေရှင်းနိုင်ဖို့ကပဲ အရေးကြီးတယ်။

ဒီကိစ္စမှာ ပါဝင်ကြတဲ့ ဒိုင်လူကြီးတွေ၊ စည်းကြပ်ဒိုင်၊ စတုတ္ထဒိုင်နဲ့ အထူးသဖြင့် VAR က သေချာ မလုပ်ခဲ့ဘူး။ ကျနော်တို့ ဒါကို မမေ့သင့်ပါဘူး။ ဒါက သိသာတဲ့ အမှားပါ၊ ဒီဖြစ်ရပ်အပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကျနော် စဉ်းစားကြည့် ခဲ့တယ်။

လီဗာပူးဘောလုံးအသင်းရဲ့ မန်နေဂျာ မဟုတ်ဘဲ ဘောလုံးနဲ့ သက်ဆိုင်သူ တစ်ယောက်အနေနဲ့ ကျနော် မြင်တာ ကတော့ ပြန် ကန်တာကပဲ တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်မှာပါ။

ပြန်ကန်ပွဲ ဖြစ်လာဖို့တော့ မရှိလောက်ပါဘူး။ ဒါမျိုးကို ကျနော်တို့ လုပ်နိုင်ခဲ့ရင် လူတိုင်းကလည်း ဒီလိုမျိုး တောင်းဆို လာကြလိမ့်မယ်။ မကြုံစဖူး အခြေအနေတစ်ခု ဖြစ်ပါတယ်။ ” လို့ ကလော့ပ်က မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတာ့ ထိုပွဲက ဒိုင်လူကြီးတွေအား တစ်ဦးချင်း သီးခြားစီ မေးမြန်း စစ်ဆေးနေကာ ပွဲကို ပြန်ကန်သင့်သလား စဉ်းစားနေတယ် သတင်း ထွက်ပေါ်နေပါတယ်။