နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ မနေ့ညက လန်းစ်အသင်းကို ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် အဝေးကွင်း သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၁ နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

ဒီ ချန်ပီယံလိဂ် ရှုံးပွဲမှာပဲ ဂိုးသမား ဒေးဗစ် ယာယာရဲ့ အားနည်းမှုဟာ လန်းစ်အသင်း ဦးဆောင်ဂိုးရဖို့ အခွင့်အရေး ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အာတီတာ ကတော့ ယာယာ ဘက်ကနေ ကာကွယ် ပြောဆိုပေးသွားပါတယ်

အာတီတာကတော့ ” ဒါက ဖြစ်တတ်ပါတယ်။ အမှားဆိုတာ ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ချန်ပီယံလိဂ်မှာက အခွင့်အရေးကြီးတွေ အများကြီးရမှာ မဟုတ်ဘဲ ကိုယ်က ဂိုးသွင်းနိုင်ဖို့ လိုတာပါ ” လို့ ယာယာကို ကာကွယ် ပေးသွားခဲ့တယ်။

ယာယာရဲ့ မှားယွင်းတဲ့ ပေးမှုဟာ အာဆင်နယ်အတွက် နစ်နာခဲ့ပေမယ့်လို့ ကလပ်ရဲ့ အဓိက ဂိုးသမားအဖြစ် ဆက်ပြီး ပွဲထွက်ခွင့် ရဖွယ် ရှိနေပါတယ်။

မနက်က လန်းစ်နဲ့ အာဆင်နယ်ပွဲမှာ တိုက်စစ်သမား ဆာကာဟာ ဒဏ်ရာကြောင့် ပွဲချိန် ၃၄ မိနစ်မှာတင် လူစားလဲခံ ခဲ့ရပါတယ်။

၁-၁ ရလဒ် ထွက်ပေါ်နေချိန်မှာ ဗီအဲရာဖြင့် လူစားလဲခဲ့ရပြီး အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။ နည်းပြ အာတီတာ ကတော့ “သူ့ကို ကြည့်ရတာ သိပ်တော့ မကောင်းပါဘူး ” လို့ တုန့်ပြန်သွားခဲ့တယ်။

အားလုံးကတော့ မန်စီးတီးပွဲမှာ သူ ပါဝင်နိုင်မလား စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ ဒီအပတ်ပွဲဟာ ပရီးမီးယားလိဂ် ဖလား အဓိက စိန်ခေါ်နိုင်မယ့် ကလပ် ၂ သင်းကြားက ပြင်းထန်တဲ့ ပွဲစဉ် ဖြစ်လာဖို့ ရှိပါတယ်။