မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘရန့်ဖိုဒ့်ကို ၂-၁ ဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ သရဲနီ ပရိသတ်တွေဟာ ဂိုးသမား အိုနာနာက လွဲလို့ ကျန်တဲ့ ကစားသမားတွေကို ခွင့်လွှတ်ပေးနိုင်ဟန် ရှိပါတယ်။

ဒီပွဲမှာ ဘရန့်ဖိုဒ့်က အိုနာနာရဲ့ ကာကွယ်မှု ညံ့ဖျင်းခြင်းကနေ ဦးဆောင်ဂိုးရခဲ့သလို မန်ယူနိုက်တက်ဟာ နာကျင် အချိန်ပိုမှာ တော်မီးနေး သွင်းဂိုး ၂ ဂိုး ရယူပေးခဲ့လို့ နိုင်ပွဲရခဲ့တာပါ။ ယူနိုက်တက် ပရိသတ်တွေကတော့ အိုနာနာရဲ့ စွမ်းဆောင်ရည်ကို ဒေါသထွက်နေကြဆဲ ဖြစ်ပါတယ်။

တော်မီနေးရဲ့ ဒုတိယမြောက်နဲ့ အနိုင်ဂိုးကို အတူ အောင်ပွဲခံခဲ့တဲ့ အိုနာနာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ” ဘရန့်ဖို့ဒ် အသင်းက အိုးထရတ်ဖိုဒ့်မှာ သွင်းဂိုး လုံးဝ မရဖူးဘူး၊ အိုနာနာ မလာခင်ထိပေါ့ကွာ။ ”

” ဘဝဆိုတာ ခန့်မှန်းရ သိပ်လွယ်တယ်ကွာ၊ အပတ်တိုင်းမှာ ဘယ်လင်ဟမ် ဂိုးသွင်းမယ်၊ အိုနာနာ အမှားလုပ်မယ် ဒါပါပဲ။ ”

” အိုနာနာက မသိရင် ဒီပွဲနိုင်အောင် သူကပဲ ကယ်တင်လိုက်သလိုလိုနဲ့ အေးပေါ့လေ တော်မီနေးက သူ့ရဲ့ နေ့ရက်ဆိုးကို ကယ်တင်လိုက်တာကိုး။ ” စသဖြင့် လူမှုကွန်ယက်ကနေ ပွဲအပြီး မှတ်ချက်ပေးခဲ့ကြတယ်။

အကောင်းမြင်တဲ့ သရဲနီပရိသတ် အချို့ကတော့ တော်မီနေးရဲ့ ဂိုးအတွက် ပါဝင် အောင်ပွဲခံခဲ့တဲ့ အိုနာနာနဲ့ ပတ်သက်ပြီး

” ဒီအခိုက်အတန့်မှာပဲ အိုနာနာက သူ့ရဲ့ ဆိုးရွားတဲ့ပွဲတော့ ကယ်တင်ခံလိုက်ရပြီဆိုတာ သိလိုက်မှာပဲ။ ဒီပွဲ ရှုံးသွားခဲ့ရင် ဘာဖြစ်လာမလဲ သူသိနေတယ်လေ ” လို့ မှတ်ချက်ပေးခဲ့တယ်။

အချို့သော ယူနိုက်တက်ပရိသတ်တွေကတော့ အိုနာနာရဲ့ လက်စွမ်းဟာ ရှက်စရာပဲလို့ ဝေဖန်မှုကာ အရန်ခုံမှာထားဖို့ တိုက်တွန်းမှုတွေ ရှိကြသလို သူ့ရဲ့ ကာကွယ်မှုအချို့ကလည်း ဒီပွဲ အနိုင်ရဖို့ အရေးပါခဲ့တယ်လို့ ထောက်ပြသူတွေလည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။