နိုင်ငံတကာသီတင်းပတ် အင်္ဂလန် လက်ရွေးစင်အသင်းကို အတူ ပူးပေါင်းကြစဉ်မှာ မတ်ဒီဆန်က ထရန့်ကို စနောက်မှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ထရန့်က သူ့ကို တစ်ခုခု ပြောနေတာကို နားထောင်နေတဲ့ ဓါတ်ပုံနဲ့အတူ မတ်ဒီဆန်က ” အခုချိန်ထိ ပြန်ကန်ပွဲ ကစားဖို့ မေးနေတုန်းကွာ” ဆိုတဲ့ စာသာကို ရေးသားသွားခဲ့တာပါ။

ဒီယက်ဇ်ရဲ့ သွင်းဂိုး ပယ်ဖျက်ခဲ့တဲ့ VAR ရဲ့ မှားယွင်းမှုကို ဘယ်လို ဖြေရှင်းသင့်သလဲ မေးခံရချိန် ကလော့ပ်က တစ်ယောက်ထုတ်ပြီး ဒီယက်ဇ် သွင်းခဲ့တဲ့ အချိန်ကနေ ပွဲကို Replay ပြန်ကန်သင့်တယ်ဆိုတဲ့ မှတ်ချက်မျိုး ပေးခဲ့တာပါ။

စပါးနည်းပြကတော့ အဲ့လိုတာ ပြန်ကန်နေရရင် တစ်နှစ်မှာ ပွဲပေါင်း ၃၆၅ ပွဲ ရှိနေမှာပေါ့လို့ တုန့်ပြန်ထားခဲ့တယ်။

မတ်ဒီဆန်က ပွဲဆူခဲ့တဲ့ အဆိုပါ ပြန်ကန်ပွဲကိစ္စနဲ့အတူ အင်္ဂလန်အသင်းဖော်ကို စနောက်ခဲ့တာဖြစ်တယ်။ သူ့ရဲ့ စနောက်မှုဟာ လီဗာပူးပရိသတ်တွေ အတွက် ပျော်စရာ ဖြစ်နေခဲ့မယ်တော့ မထင်မိပါဘူး။