မန်ချက်စတာ ယူနိုက်တက်ဟာ ဘင်ဖီကာအသင်းနဲ့ အတူ တောက်ပလာတဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ် ကစားသမားလေး ဂျာအို နီဗက်စ် ကို ကင်းထောက်များ စေလွှတ် စောင့်ကြည့်နေပါတယ်။

ယူနိုက်တက် တောင်ပံ ကစားသမားဟောင်းကြီး Lee Sharpe ကတော့ မားကပ် ရက်ဖို့ဒ်ဟာ တည်ငြိမ်သင့်တဲ့ အရွယ် ရောက်ပြီ ဖြစ်ပေမယ့် အခုထိ သူ့ ခြေစွမ်းက လုံလောက် ကောင်းမွန်မှု မရှိကြောင်း သုံးသပ်လိုက်ပါတယ်။

ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြီးဆုံး အမှားကတော့ ဒီဂီယာ ကို လက်လွှတ်ပြီး ဂိုးသမားသစ် အိုနာနာ ကို ခေါ်ယူလိုက်တဲ့ ကိစ္စပဲ ဖြစ်တယ်လို့ ခရစ်ဆက်တန်က သုံးသပ် ထောက်ပြခဲ့ပါတယ်။

မက်တော်မီနေးရဲ့ အစွမ်းပြမှုကို ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ မြင်ရပြီးတဲ့နောက် ပီတာ ရှမိုက်ကယ် ကတော့ ဒီ ကစားသမားကို နည်းပြတွေက ဘာလို့ ရှင်းထုတ် ရောင်းထုတ်ဖို့ ကြိုးစားခဲ့ကြသလဲ နားမလည်နိုင်ဘူး လို့ ပြောဆို မေးခွန်းထုတ်ခဲ့ပါတယ်။

ကာတာ အုပ်စု ရှိတ်ဂျက်ဆန်ကတော့ သူတို့သာ မန်ချက်စတာ ယူနိုက်တက်ကို လက်လွှဲ ဝယ်ယူနိုင်ပါက ဒေးဗစ် ဘက်ခမ်းကို အသင်းရဲ့ သံတမန် အဖြစ် ခန့်အပ်သွားဖို့ ရှိကြောင်း သတင်းထွက်လာပါတယ်။

ဒီစီ ယူနိုက်တက်နဲ့ လမ်းခွဲထားပြီး ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီ ကို ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် စီးတီးက နည်းပြ အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ အသားကျစ ပြုလာပြီ ဖြစ်တဲ့ တိုက်စစ်မှုး ရာမက်စ် ဟာလန်းကို သဘောကျ အထင်ကြီးမိကြောင်း အသင်းဖော် အဲရစ်ဆန်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။