ဘရိုက်တန်နည်းပြ ဒီဇာဘီက သူ့အသင်းဟာ ကံကောင်းတဲ့ အခြေအနေကနေ ပြစ်ဒဏ်ဘော ရခဲ့ပြီး ခြေပဂိုး သွင်းယူနိုင်ခဲ့တာလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါတယ်။

အဲ့ပွဲအတွင်း ဆိုဘိုစလိုင်းကို Pascal Gross နောက်ကနေ ဆွဲလဲခဲ့ပေမယ့် အဆိုပါဖြစ်ရပ်ကို အနီကဒ်ပြဖို့ ငြင်းပယ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ကလည်း အငြင်းပွားစရာ ဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်။

၂-၁ ဖြင့် လီဗာပူး ဦးဆောင်နေချိန် ဆိုလီမက်စ်က ထရန့်နဲ့ ကိုနတေးကြားကနေ ကြားဝင်ခဲ့ပြီး လဲကျခြင်းကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးခဲ့တာပါ။ ရော်ဘတ်ဆန်ရဲ့ ခံစစ်ပိုင်း ကာကွယ်ပုံ အားနည်းခြင်းက တစ်ဆင့် Dunk က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွက် သူတို့ ကံကောင်းခဲ့ကြောင်း ဒီဇာဘီက ဝန်ခံပေမယ့် ဗန်ဒိုက်ရဲ့ လက်ထိဘောကတော့ ပင်နယ်တီ ရခဲ့သင့်တာပါလို့ သူ့အမြင်ကို ထုတ်ပြောပါသေးတယ်။

ဒီဇာဘီကပဲ “ ဗန်ဒိုက်ဖြစ်ရပ်က ပင်နယ်တီလို့ ကျနော် ထင်တယ် ဒါပေမယ့် ကျနော်တို့ရဲ့ ဒုတိယဂိုးကတော့ ပြစ်ဒဏ်ဘော မပေးခဲ့သင့်ပါဘူး။ ကျနော်ကတော့ ကိုယ်အမြင့်ကို ရိုးရိုးသားသားပဲ ပြောတယ်၊ ဒီအကြောင်း ယာဂင်ကိုလည်း ပြောပြခဲ့ပြီးပါပြီ ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။