စကော်တလန် ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ အင်္ဂလန် ယူ-၂၁ ကွင်းလယ်လူ ကိုးပါးမားတို့ဟာ နိုင်ငံတကာသီတင်းပတ်မှာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပါတယ်။
အချက်အလက်ပိုင်း နှိုင်းယှဉ်မှုတွေအရ ယာယာဟာ ရမ်စ်ဒယ်ထက် ပိုကောင်းနေပြီး သူဟာ ဒီရှေ့လျှောက် အဓိက ပွဲထွက်ခွင့်နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖွယ် ရှိပါတယ်။
စပိန် ၂-၀ စကော့တလန်ပွဲစဉ်မှာ တော်မီနေးရဲ့ အတော်လေး ကောင်းမွန်တဲ့ ဖရီးကစ်ဂိုးဟာ လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရလို့ ကွင်းလယ်လူက ပေါက်ကွဲခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အသက် ၂၅ နှစ်အရွယ် ညာအစွန်လူ ဘစ်ဆာကာနဲ့ အသက် ၂၉ နှစ်အရွယ် ခံစစ်မှူး လင်ဒီအော့တို့ကို သက်တမ်းတိုးနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီနှစ်ကုန်ထိ အန်ဖီးကွင်းကို ပရိသတ် အပြည့် ဝင်ခွင့်ပေးဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
လေဗာကူဆင် အသင်းဟာ စာချူပ်ပါအချက်အရ ၎င်းတို့အသင်း နည်းပြ အလွန်ဆိုကို ၂၀၂၄ နွေမှာ စပိန်သားရဲ့ အသင်းဟောင်း တစ်သင်းထံ ပြောင်းခွင့်ပေးရဖွယ် ရှိပါတယ်။ အလွန်ဆိုဟာ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့ရဲ့ ပစ်မှတ်ထဲ ပါဝင်နေပါတယ်။
ချယ်ဆီးအသင်းဟာ နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်သမား အိုဆစ်ဟမ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စတင် ပစ်မှတ်ထားလာနေပါပြီ။
မက်ဂွဲရားကတော့ တစ်လ တစ်ပွဲလောက် ကစားရပြီး အရန်ခုံ ထိုင်နေရတဲ့ ဘဝကို ပျော်ရွှင် ကျေနပ်နေမှာ မဟုတ်ဘူးလို့ ထုတ်ပြောကာ ပုံမှန် ပွဲကစားခွင့် ဆက်လက် ဆုံးရှုံးနေမယ်ဆိုရင် ဇန်နဝါရီမှာ အသင်းပြောင်းဖွယ် ရှိပါတယ်။
အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ်ဟာ နည်းပြအမ်မရီနဲ့ သိပ်အဆင်မပြေတာကြောင့် မကြာခင်မှာပဲ ဗီလာကနေ ထွက်ခွာသွားနိုင်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ စပါးအသင်းမှာ ပုံမှန် ပွဲကစားခွင့် ဆုံးရှုံးနေတဲ့ ဟော့ဂျက်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။