မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး မာရှယ်ကို စာချုပ်သစ်ပေးဖွယ် မရှိဘဲ ဇန်နဝါရီမှာတင် ကမ်းလှမ်းလာမှု ရမယ်ဆိုရင် နားထောင်ပေးသွားမှာပါ။

လိုက်ဇစ်စတား အောမိုကို ခေါ်ယူရေးအတွက် လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ ထိပ်တိုက် တွေ့ကြဖွယ် ရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ ပုံစံကောင်းရနေမှုကို အရှိန်တင်နိုင်ဖို့ရာ ဇန်နဝါရီမှာ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားကို နောက်ထပ် တစ်ကြိမ် ကြိုးစားသွားဖွယ် ရှိနေပါတယ်။

ဘရိုက်တန်အသင်းရဲ့ ဂျပန်သား တိုက်စစ်သမား မီတိုမာရဲ့ ခြေစွမ်းကို စောင့်ကြည့်နေတဲ့ ကလပ်တွေထဲ ဘာစီလိုနာအသင်းလည်း ပါဝင်နေပါတယ်။

မန်ချက်စတာကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းက စိတ်ဝင်စားမှု ရှိနေပါတယ်။

စကော့တလန် လက်ရွေးစင်အသင်းဟာ ယူ-၂၁ အဆင့်မှာ ခြေစွမ်းပြနေတဲ့ လီဗာပူး ကြယ်ပွင့် ဗန်ဒုတ်ကို စီနီယာအသင်းကြီးအတွက် ခေါ်ယူဖို့ စဉ်းစားနေပါပြီ။

ဝုဗ်အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်သမား နက်တိုကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ လီဗာပူးတို့ ထိပ်တိုက် ယှဉ်ပြိုင်ရနိုင်ပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းက ပိုမို ရေပန်းစားနေပါတယ်။

တိုက်စစ်မှုး ဘရိုဂျာဟာ အယ်ဘေးနီးယားအသင်းမှာ ရတဲ့ ဒဏ်ရာကြောင့် ချယ်ဆီးအသင်းထံ ပြန်လာနေပြီ ဖြစ်ပါတယ်။

ဒေါ့မွန်ကနေ မထွက်ခွာခင်မှာ ဘယ်လင်ဟမ်ကို စည်းရုံးခဲ့တဲ့ ကလပ်တွေထဲ မန်စီးတီးလည်း ပါဝင်ခဲ့ပါတယ်။ ဂွာဒီယိုလာ ဟာ အင်္ဂလန်ကွင်းလယ်လူနဲ့ ၃ နာရီကြာ ဆွေးနွေး စကားပြောခဲ့သေးတာပါ။