ယူကရိန်းအသင်းရဲ့ မနေ့ညက ကစားသွားတဲ့ မယ်လ်တာနဲ့ ပွဲမှာ ချယ်ဆီး တိုက်စစ်မှုး မူဒရစ် အထူး ခြေစွမ်းပြခဲ့ပြီး ဂိုးလည်း သွင်းယူခဲ့ကာ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုလည်းရရှိခဲ့ပါတယ်။

နောက်နှစ်နွေမှာ ချယ်ဆီး ရောင်းထုတ်ဖို့ ရှိနေတဲ့ နောက်ခံလူ ချာလိုဘတ် ကို ဘိုင်ယန်မြူးနစ်နဲ့ အပြိုင် ရိုးမားကလည်း စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးအသင်းဟာ စတန်းဖို့ဘရစ်ချ် ကွင်းဘေး ၁.၂ ဧက အကျယ်ရှိ မြေကို ဝယ်ယူလိုက်ပြီ ဖြစ်ပြီး ဒါက ကွင်းချဲ့မယ့် အစီအစဉ်တွေ အတွက် အရေးပါလာမယ် လို့ သိရပါတယ်။

ချယ်ဆီး အသင်းခေါင်းဆောင် ဖြစ်နေတဲ့ ရိစ် ဂျိမ်းစ်ဟာ ကစားသမား ဘဝ စတင်တဲ့ သြဂုတ်လ ၂၀၁၈ တည်းက စလို့ အခုထိ ဒဏ်ရာကြောင့် ၄၇၂ ရက်၊ ပွဲပေါင်း ၉၀ ကျော် လွဲချော်ခဲ့တယ်လို့ မယုံနိုင်စရာ မှတ်တမ်း အချက်အလက် ထွက်ပေါ်လာပါတယ်။

ချယ်ဆီးအသင်း ဟာ ဂိုးပေါက် ကန်ချက်ကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း xG ဇယားမှာ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ဒါဟာ အသင်း တစ်သင်းရဲ့ ဂိုးပေါက် ကို တိတိကျကျ ကန်သွင်းနိုင်စွမ်းပေါ်လည်း မူတည်နေတာပါ။

ချယ်ဆီးနဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဟွမ် မာတာက အခုထိ ချယ်ဆီး ပရိသတ်တွေဆီက နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာကို လက်ခံရရှိနေဆဲ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပြီး ဒီအတွက် ကျေးဇူးတင်ရကြောင်းပါ ပြောဆိုလိုက်ပါတယ်။

နိုင်ငံပွဲတွေ အပြီးမှာ ကန်ရမယ့် ချယ်ဆီး – အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပွဲ အတွက် ဒိုင်လူကြီး Chris Kavanagh ကိုင်တွယ်မှာ ဖြစ်ကာ VAR ဒိုင် အဖြစ် Jarred Gillett တာဝန်ယူမယ် လို့ သိရပါတယ်။