ဒီအပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီမှ ဝါရင့် သုံးသပ်သူကြီး ခရစ်ဆက်တန်ရဲ့ ခန့်မှန်းတွေကို ဖော်ပြသွားပါမယ်။

လီဗာပူး v အဲဗာတန်

လီဗာပူးအသင်းကို ရင်ဆိုင်ထားတဲ့ အဲဗာတန်ရဲ့ မှတ်တမ်းက အတော်လေး ဆိုးပါတယ်။ ၂၀၁၀ တည်းက အိမ်ကွင်းကော အဝေးကွင်းမှာပါ ၁ ပွဲပဲ အနိုင်ရထားခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း ဒါကို ပြောင်းလဲနိုင်မယ် မထင်ပါဘူး။

ပြီးခဲ့တဲ့ ၂ ရာသီ အန်ဖီးကွင်းမှာ လီဗာပူးက အဲဗာတန်ကို ၂-၀ ဖြင့် ဆက်တိုက် အနိုင်ရထားတယ်။ ဒီပွဲမှာလည်း တူညီတဲ့ ဂိုးရလဒ်ပဲ ထွက်မယ် ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 အဲဗာတန်

မန်စီးတီး v ဘရိုက်တန်

ဒီပွဲကို ကျနော် တိုက်ရိုက် ကြည့်သွားမှာပါ။ ဘရိုက်တန်နည်းပြ ဒီဇာဘီက အကြောက်တရားကင်းတယ်၊ မန်စီးတီး ကလည်း ဒီပွဲမှာ တိုက်စစ်အသားပေးမှာမို့ ကြည့်လို့ကောင်းမှာပါ။

ဘရိုက်တန် ဘယ်လိုပုံစံနဲ့ ထွက်လာမယ် မသေချာပါဘူး။ ဖွင့်ကစားမယ် ဆိုရင် ဂိုးပြတ်သွားပါမယ်။ သွင်းဂိုးတွေ မြင်ရမယ်၊ စိတ်လှုပ်ရှားစရာ ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်းကို မြင်ရပါမယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 6-2 ဘရိုက်တန်

ချယ်ဆီး v အာဆင်နယ်

စတမ်းဖိုဒ့်ဘရစ်ချ်မှာ နောက်ဆုံး ၃ ကြိမ် လာကစားတုန်းက အာဆင်နယ်တို့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် ချယ်ဆီး ကလည်း စုဖွဲ့မှု ကောင်းကောင်းဖြင့် စတင်ကစားလာနိုင်ပါပြီ။ စတာလင်က အန္တရာယ်ကြီးတဲ့ ကစားသမား ဖြစ်ပါတယ်။

ဒီပွဲအတွက် အာတီတာရဲ့ ပွဲပလန်က ဘာဖြစ်မယ်ဆိုတာတော့ ကျနော် မသိပါဘူး။ သူက သူ့အသင်းကို ကျစ်ကျစ်လစ်လစ် စုဖွဲ့ထားနိုင်ရင် သူတို့ နှားတစ်ဖျား အသာရသွားနိုင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ဝ-၁ အာဆင်နယ်

ရှက်ဖီး v မန်ချက်စတာ ယူနိုက်တက်

ယူနိုက်တက်က ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ နောက်ကျ ဂိုးတွေ သွင်းပြီး ပြန်လာနိုင်ခဲ့တယ်။ မဟုတ်ရင် သူတို့ မန်နေဂျာ အဲရစ်တန်ဟက်က နိုင်ငံတကာ သီတင်းပတ်မှာ ဖိအားတွေအောက် အတော် ရောက်နေခဲ့လောက်ပါတယ်။

ရှက်ဖီးလ် ယူနိုက်တက်ကတော့ ပြောရခက်ပါတယ်။ သူတို့ နိုင်ပွဲရအောင် ကြိုးစားလိမ့်မယ်။ ဒါပေမယ့် တန်ဟက်ရဲ့ အသင်းက အသာရသွားမယ် ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ရှက်ဖီး ဝ-၂ မန်ချက်စတာ ယူနိုက်တက်။

အခြားပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်း ရလဒ်များ

  • Bournemouth 1-1 Wolves
  • Brentford 2-1 Burnley
  • Newcastle 2-0 Crystal Palace
  • Nottingham Forest 2-1 Luton
  • Aston Villa 2-1 West Ham
  • Tottenham 3-1 Fulham