အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်အတွင်း ပစ်မှတ် ကစားသမားတွေကို လိုက်လံ ကင်းထောက်မှု ပြုလုပ်ရာမှာ လီဗာပူးအသင်း က နည်းပြ ယာဂင်ကလော့ပ် စိတ်ကြိုက် ကစားသမား တစ်ဦးကိုလည်း ထည့်သွင်း စောင့်ကြည့်ခဲ့ပါတယ်။

သူကတော့ နာပိုလီ တိုက်စစ်မှုး အိုဆင်ဟမ် ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား တိုက်စစ်သမားဟာ ဆော်ဒီနဲ့ ရင်ဆိုင် ကစားတဲ့ပွဲမှာ ပါဝင်ခဲ့ပေမယ့် တံကောက်ကြော ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါပွဲကို တက်ရောက် ကြည့်ရှုခဲ့တဲ့ ကင်းထောက်တွေထဲမှာ လီဗာပူးအသင်းဘက်က စေလွှတ်လိုက်သူ တစ်ဦးလည်း ပါဝင်ခဲ့တာပါ။

လီဗာပူးအပြင် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကလည်း အိုဆင်ဟမ်ရဲ့ ခြေစွမ်းကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မနှစ်ကရာသီ နာပိုလီအသင်း စီးရီးအေဖလား အောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ အိုဆင်ဟမ်ဟာ မကြာသေးခင်ကပဲ နေပယ်ကလပ်နဲ့ အဖုအထစ် အနည်းငယ် ဖြစ်ပေါ်ထားပါတယ်။

နာပိုလီဘက်က တိုက်စစ်သမားကို ပေါင် သန်း ၁၀၀ ရမှ ရောင်းချလိုမှာ ဖြစ်ကာ လီဗာပူးကလည်း မိုဆာလာကို ဆော်ဒီပရိုလိဂ်ထံ လက်လွတ်ရရင် ပြောင်းရွှေ့ကြေး မြောက်များစွာရရှိဖွယ် ရှိနေပါတယ်။

မနှစ်တုန်းက ဒါဝင် နူးညက်ကို ပေါင် သန်း ၈၀ ကျော်ဖြင့် ဝယ်ယူထားပေမယ့်လို့ ဆာလာကို ထွက်ခွင့်ပေးရရင် အစားထိုးမှု ပြုလုပ်ရဖို့ ရှိနေတာပါ။

ဒါဝင် နူးညက်ဟာ ပေါက်ကွဲအား ကောင်းမွန်စွာ ကစားနိုင်ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက် ရှိလို့ ဂိုးသွင်းကောင်းတဲ့ အိုဆင်ဟမ်ကို စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အိုဆင်ဟမ်အပြင် ဝုဗ်မှ နက်တို၊ စပို့တင်းမှ အန်နာဆီယို၊ ဂျာမနီမှ မူဆီယာလာတို့ကိုလည်း ကင်းထောက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။