လာမယ့် ၂၀၂၄ နှစ်စပိုင်း ဇန်နဝါရီလထဲမှာ အာဖရိကဖလား ပြိုင်ပွဲ ကျင်းပဖို့ ရှိနေပြီး ပရီးမီးယားလိဂ်က အာဖရိကသား တွေဟာ သီတင်းပတ်များစွာ ကလပ်ပွဲတွေ လွဲချော်သွားဖို့ ရှိနေပါတယ်။
အာဖရိကပြိုင်ပွဲကြောင့် လုံးဝ ထိခိုက်မှု မရှိမှာက လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ နယူးကာဆယ် အသင်းတို့ ဖြစ်ပြီး အာဖရိက ကစားသမား တစ်ဦးမှ စေလွှတ်ဖို့ ရှိမနေပါဘူး။
ဒီပြိုင်ပွဲကြောင့် သက်ရောက်မှု အကြီးဆုံး ဖြစ်မှာက နော်တင်ဟမ်ဖောရက်စ် အသင်း ဖြစ်ပြီး ကစားသမား ၇ ဦး ထိတောင် လက်လွှတ်ထားရဖို့ ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဆိုရင်လည်း ပွဲထွက် ဂိုးသမား အိုနာနာ အပါအဝင် ကစားသမား ၃ဦး လက်လွှတ်ရမှာ ဖြစ်သလို လီဗာပူးကလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှုး မိုဆာလာ ကို အာဖရိကပွဲတွေ အတွက် စေလွှတ်ရဦးမှာပါ။
အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ အတွက် ပရီးမီးယားလိဂ် အသင်းတွေက စေလွှတ်ရမယ့် အာဖရိကသား ကစားသမား တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
အာဆင်နယ် – ၂ ယောက်
Mohamed Elneny (Egypt), Thomas Partey (Ghana)
အက်စတွန်ဗီလာ – ၁ ယောက်
Bertrand Traore (Burkina Faso)
ဘုန်းမောက် – ၃ ယောက်
Hamed Traore (Ivory Coast), Dango Ouattara (Burkina Faso), Antoine Semenyo (Ghana)
ဘရန့်ဖို့ဒ် – ၃ ယောက်
Bryan Mbeumo (Cameroon), Yoane Wissa (DR Congo), Frank Onyeka (Nigeria)
ဘရိုက်တန် – ၃ ယောက်
Simon Adingra (Ivory Coast), Tariq Lamptey (Ghana), Carlos Baleba (Cameroon)
ဘန်လေ – ၂ ယောက်
Lyle Foster (South Africa), Anass Zaroury (Morocco)
ချယ်ဆီး – ၁ ယောက်
Nicolas Jackson (Senegal)
ခရစ္စတယ်ပဲလေ့စ် – ၃ ယောက်
Jordan Ayew (Ghana), Jeffrey Schlupp (Ghana), Cheick Doucoure (Mali)
အဲဗာတန် – ၂ ယောက်
Idrissa Gueye (Senegal), Abdoulaye Doucoure (Mali)
ဖူလ်ဟမ် – ၃ ယောက်
Fodo Ballo-Toure (Senegal), Calvin Bassey (Nigeria), Alex Iwobi (Nigeria)
လီဗာပူး – ၂ ယောက်
Joel Matip (Cameroon), Mohamed Salah (Egypt)
လူတန် – ၂ ယောက်
Issa Kabore (Burkina Faso), Pelly Ruddock Mpanzu (DR Congo)
မန်ချက်စတာ ယူနိုက်တက် – ၃ ယောက်
Andre Onana (Cameroon), Hannibal Mejbri (Tunisia), Sofyan Amrabat (Morocco)
နော်တင်ဟမ် ဖောရက်စ် – ၇ ယောက်
Serge Aurier (Ivory Coast), Willy Boly (Ivory Coast), Ibrahim Sangare (Ivory Coast), Moussa Niakhate (Senegal), Cheikhou Kouyate (Senegal), Ola Aina (Nigeria), Taiwo Awonyi (Nigeria)
ရှက်ဖီး – ၄ ယောက်
Ismaila Coulibaly (Mali), Anis Ben Slimane (Tunisia), Benie Traore (Ivory Coast), Yasser Larouci (Algeria)
တော့တင်ဟမ် စပါး – ၂ ယောက်
Pape Matar Sarr (Senegal), Yves Bissouma (Mali)
ဝက်စ်ဟမ်း – ၄ ယောက်
Mohammed Kudus (Ghana), Said Benrahma (Algeria), Nayef Aguerd (Morocco), Maxwell Cornet (Ivory Coast)
ဝုဗ် – ၂ ယောက်
Rayan Ait-Nouri (Algeria), Boubacar Traore (Mali)
ဒီ အာဖရိက ပြိုင်ပွဲက ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။