မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ကြိုတင် သုံးသပ်ခန့်မှန်းမှုတွေ အောက်ပါအတိုင်း ပြုလုပ်လာပါတယ်။

Liverpool v Everton

အစောပိုင်း ပွဲ ကန်ရတာကို ဘယ် ကစားသမားမှ မနှစ်ခြိုက်ပါဘူး။ ဒါက ဒါဘီပွဲ ဖြစ်တယ်၊ ဒါပေမယ့် လီဗာပူးကတော့ ပိုပြီး ကောင်းတဲ့ အသင်း ဖြစ်နေဆဲပါ။ ဒီတော့ ကျွန်တော် လီဗာပူး အနိုင်လို့ပဲ ရွေးပါမယ်။

ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-ဝ အဲဗာတန်

Man City v Brighton

စာရွက်ပေါ်မှာတော့ ဒီပွဲက ပွဲကြီးပွဲကောင်းပေါ့။ ဒါပေမယ့် စီးတီးသာ ပရီးမီးယားလိဂ် မုဒ် ပြန်မဝင်တာ မဖြစ်ဘူး ဆိုရင် သူတို့ အနိုင်ပါပဲ။ လွယ်ကူမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘရိုက်တန်ကသာ ဆပ်ပရိုက် အကြီးကြီး မတိုက်ဘူး ဆိုရင် သူတို့ အနိုင် ၃မှတ် ယူမှာပါပဲ။

ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၁ ဘရိုက်တန်

Chelsea v Arsenal

အနိုင်ရမယ့် အသင်း အဖြစ် အာဆင်နယ်ဘက် အလေးပေးကြမှာပါ။ ဒါပေမယ့် ချယ်ဆီးကို ဘယ်တော့မှ လျှော့တွက်လို့ မရဘူး။ သူတို့က အရှိန်တက်လာနေပြီး မှန်ကန်တဲ့ လမ်းကြောင်း ဦးတည်သွားနေတယ်။ ဒီပွဲမှာ သွင်းဂိုးတွေ မြင်ရမှာပါ။ နှစ်သင်းလုံး ဂိုးသွင်းပါလိမ့်မယ်။

ခါတိုင်း ဂိုးသွင်းပါ့မလာ စိတ်ပူနေရတဲ့ သူတွေက ဒီပွဲ ဂိုးသွင်းမယ် လို့ထင်ပါတယ်။ နီကိုးလပ်စ် ဂျက်ဆန်နဲ့ မာတင်နယ်လီ တို့က ဧရိယာထဲမှာ အမြဲ ရှိနေကြသူတွေပါ။

ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၂ အာဆင်နယ်။

Sheffield United v Man United

ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။ သူတို့က ခက်ခဲတဲ့ နေရာ တစ်ခုဆီ သွားရမှာပါ။ ရှက်ဖီးယူနိုက်တက်က အမှတ် ရဖို့ဆိုရင် ဘာမဆို လုပ်တော့မယ့် အနေအထားပါ။

မန်ချက်စတာယူနိုက်တက် အနေနဲ့ ပွဲ အပေါ် သေချာ အာရုံစိုက်ပြီး အမှတ်ရအောင် ယူမှ ဖြစ်ပါမယ်။ ဒီပွဲက သရေကျမယ် လို့ အာရုံရနေပေမယ့် မန်ယူနိုက်တက် အနိုင်လို့ပဲ ကျွန်တော် ရွေးချယ်ချင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ရှက်ဖီး ၁-၂ မန်ယူနိုက်တက်။

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Brentford 1-0 Burnley
  • Bournemouth 1-0 Wolves
  • Nottingham Forest 1-0 Luton
  • Newcastle 2-0 Crystal Palace
  • Aston Villa 2-2 West Ham
  • Spurs 3-0 Fulham