မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ ဘရန့်ဖိုဒ့်၊ ရှက်ဖီးတို့ကို ဆက်တိုက် အနိုင်ယူပြီးတဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ခြေကနေ အပေါ်ကို တရွေ့ရွေ့ ပြန် တက်လာနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရှက်ဖီးယူနိုက်တက်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ခြင်းကြောင့် ယူနိုက်တက်ဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၆ မှတ်ပဲ ကွာဟတော့တာပါ။

လာမယ့်အပတ် အိုးထရတ်ဖိုဒ့်မှာ မန်စီးတီးကို ဧည့်ခံရမှာဖြစ်လို့ အဲဒီ မန်ချက်စတာ ဒါဘီပွဲကို အနိုင်ရမယ် ဆိုရင် ၃ မှတ် အကွာထိ ပြန်ကပ်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ကြီး ၆ ကြီး ကလပ်တွေထဲမှာ ရဂိုး အနည်းဆုံး ဖြစ်နေပြီး ပေးဂိုးကလည်း အများဆုံး ဖြစ်ပါတယ်။ ဒါကို မပြင်ဆင်နိုင်ရင်တော့ ထိပ်ဆုံး ၄ သင်းထဲ ဝင်လာဖို့ ဝေးကွာနေဦးမှာပါ။

” ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက ခက်ခဲပါတယ်။ ရှက်ဖီးပွဲအတွင်း ပထမပိုင်းမှာ ကျနော်တို့က သိပ် ကောင်းခဲ့တာ မဟုတ်ပါဘူး။

အဝတ်လဲခန်းထဲမှာ ဒီပွဲ အနိုင်ရဖို့ နည်းလမ်းတွေကို ပိုကြိုးစား ရှာဖွေဖို့ တိုက်တွန်းခဲ့သလို ဒုတိယပိုင်းမှာတော့ ပိုကောင်းတဲ့ အသင်း ဖြစ်လာခဲ့ပါတယ် ” လို့ တန်ဟက်က ရှက်ဖီးနဲ့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ တော်မီနေး၊ ဒါလော့တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ရှက်ဖီးနဲ့ အဝေးကွင်း ပွဲကို အနိုင်ရခဲ့တာပါ။

ယူနိုက်တက်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ၃ ပွဲကတော့ မန်စီးတီး၊ ဖူလ်ဟမ်၊ လူတန်တောင်းတို့ ဖြစ်ကြကာ လက်ရှိ အနိုင်ရလဒ်တွေကို ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။