မနေ့ညက စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ လန်ဒန်ဒါဘီပွဲကတော့ ၂-၂ သရေကျ သွားခဲ့ပြီ ဖြစ်ပါတယ်။
အိမ်ရှင် ချယ်ဆီးအသင်းဟာ ၂-ဝ နဲ့ အရင် ဦးဆောင်ထားနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှ တစ်ဦးချင်း အမှားတွေကနေ ဂိုးပြန်ပေးလိုက်ရတာကြောင့် သရေကျသွားခဲ့တာပါ။
ဒါပေမယ့် ဒီရာသီ ခြေတက်နေတဲ့ အာဆင်နယ်ကို အခုလောက်ထိ ဦးဆောင်ဖိအားပေးနိုင်ခဲ့တာက အိမ်ရှင် ချယ်ဆီး အသင်းကို စိတ်ဓါတ်ပိုင်း မြင့်တက် သွားစေခဲ့မှာဖြစ်သလို ပွဲရလဒ်က ဂန်းနားတို့အတွက်လည်း ရှုံးပွဲမရှိ အခြေအနေကို ဆက်ထိန်းနိုင်စေခဲ့ပါတယ်။
ပွဲအပြီးမှာ ချယ်ဆီး နည်းပြ ပိုချက်တီနိုကတော့ ချယ်ဆီးက အနိုင်ရသင့်တဲ့ အသင်းဖြစ်ကြောင်း သူ့ရဲ့ ယုံကြည်မှုကို ခုလို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
‘ ဒီနေ့ ပွဲမှာ အကောင်းမြင်စရာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါ။ လုံးဝ မဖြစ်လိုတဲ့ အနေအထားနဲ့ ကျနော်တို့ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တယ်။
မနှစ်ကရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ခဲ့တဲ့ အသင်းကို ရင်ဆိုင်ပြီး အကောင်းမြင်စရာတွေ လုပ်ပြခဲ့တာပါ။ ကစားသမားတွေကလည်း တကယ်ကို စိတ်ပျက်နေကြပြီး သူတို့ ဒီလို ခံစားနေရတာကို ကျနော်တော့ သဘောကျမိပါတယ်။ ” လို့ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
ပါးမားနဲ့ မူဒရစ်တို့က ချယ်ဆီးကို ၂-၀ ဖြင့် ဦးဆောင်စေခဲ့ပေမယ့်လို့ ပွဲပြီးခါနီးမှာ ဂိုးသမား ဆန်းချက်ဇ် အမှားကျူးလွန်ခဲ့ပြီး ဂန်းနားတို့ကလည်း ရိုက်၊ ထရော့ဇတ်တို့ရဲ့ ဂိုးတွေဖြင့် ပြန်ချေပနိုင်ခဲ့ပါတယ်။
ဒါကြောင့် လန်ဒန်နှစ်သင်းကတော့ အနိုင်ရသူ မရှိဘဲ စတမ်းဖိုဒ့်ဘရစ်ချ်မှာ သရေတစ်မှတ် ပြန်ခွဲယူခဲ့ကြတာ ဖြစ်ပါတယ်။