ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက်တွေ အခုလို ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

ပဲလေ့စ် v စပါး

ဒီပွဲမှာ ဂိုးရလဒ် အကြီးကြီး ထွက်လာမှာ မဟုတ်ပါဘူး။ ပဲလေစ့်ကလည်း စပါးတို့ စိတ်ပျက်သွားအောင် ကြိုးစားမှာပါ။ ဒါပေမယ့်လို့ စပါးတို့ နောက်ထပ် နိုင်ပွဲ တစ်ပွဲနဲ့ ရမှတ် ၃ မှတ် ရသွားမယ် မျှော်လင့်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် 0-2 စပါး

ချယ်ဆီး v ဘရန့်ဖို့ဒ်

ပြီးခဲ့တဲ့အပတ်က ဘန်လေကို အနိုင်ယူခြင်းနဲ့အတူ ဘရန့်ဖိုဒ့်တို့ ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို ရပ်တန့်ခဲ့တယ်။ ဒါပေမယ့် ချယ်ဆီးက အပတ်တိုင်း တိုးတက်လာနေတယ်လို့ ကျနော် ထင်မိတယ်။

ဒီပွဲကို ချယ်ဆီးတို့ အနိုင်ရမယ်လို့ ထင်ပါတယ်။ ဘရန့်ဖိုဒ့်က ချယ်ဆီးတို့ စိတ်ပျက်သွားအောင် လုပ်နိုင်မယ့် အသင်းပါ။ ဒီပွဲတော့ သူတို့ ဒုက္ခမပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 ဘရန့်ဖိုဒ့်

အာဆင်နယ် v ရှက်ဖီး

ရှက်ဖီးယူနိုက်တက်က နောက်ဆုံး ကစားထားတဲ့ ၉ ပွဲမှာ ရမှတ် ၁ မှတ်ပဲ ရထားပါတယ်။ ဘောလုံးရာသီ ၄ ချိုး ၁ ချိုးကို ရောက်လာနေပြီး ရှက်ဖီးတို့ ဒီပုံစံနဲ့တော့ တန်းပြန်ဆင်းရမှာပါ။

ဒီပွဲမှာ အာဆင်နယ်အတွက် အဓိက စိုးရိမ်စရာက သူတို့ရဲ့ ပွဲစဉ် ဇယားနဲ့ သူတို့ရဲ့ လူစာရင်းပါပဲ။ ပွဲစဉ်တွေက ခပ်စိတ်စိတ်ဖြစ်လာနေတာက မြန်လွန်းနေပါတယ်။ ဒါပေမယ့် ရှက်ဖီးကိုတော့ အေးဆေးလေး နိုင်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ရှက်ဖီး

လီဗာပူး v နော်တင်ဟမ် ဖောရက်စ်

နော်တင်ဟမ် ဖောရက်စ်ရဲ့ အဝေးကွင်း ပုံစံက သိသိသာသာကြီးကို တိုးတက်လာပါတယ်။ ဒါပေမယ့် အန်းဖီးကို သွား ကစားရတယ် ဆိုတာက ခုနေမှာ ခြောက်ခြားစရာ ဖြစ်နေတယ်။

ဒီပွဲမှာ ကျွန်တော့်သား လီဗာပူးဖန်လေး ဟယ်ရီကို ခေါ်လာဦးမယ်။ ဟယ်ရီကတော့ အန်းဖီးမှာ လီဗာပူး မရှုံးဘူးတဲ့ဗျာ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-ဝ ဖောရက်စ်။

မန်ချက်စတာ ယူနိုက်တက် v မန်စီးတီး

မန်ချက်စတာ ယူနိုက်တက်က ကောင်တာ တိုက်စစ် ကစားတာ သိပ်ကို ကောင်းပါတယ်။ ဒီကစားပုံက စီးတီးနဲ့ပွဲမှာ အံကိုက် ဖြစ်မှာပါ။

ဒါပေမယ့် ယူနိုက်တက်က သာမာန်အသင်းလို ဖြစ်နေပြီး ဘယ်လို ဖြစ်လာမလဲ မှန်းရခက်နေပါတယ်။ ယူနိုက်တက်ကို တစ်ဂိုးလောက်တော့ ပေးမယ်ဗျာ။ စီးတီးကတော့ ဒီပွဲကို အေးဆေး ကျော်ဖြတ်သွားမှာပဲ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် ၁-၅ မန်စီးတီး။

အခြားပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်းရလဒ်များ

  • Bournemouth 1-1 Burnley
  • Wolves 0-1 Newcastle
  • West Ham 1-1 Everton
  • Aston Villa 2-0 Luton
  • Brighton 2-0 Fulham