ဒီအပတ် တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်သွားမှာပါ။ ဒီပွဲစဉ်အတွက် နာမည်ကျော် သုံးသပ်သူကြီး ပေါမာဆန်က အခုလို ခန့်မှန်းလာခဲ့ပါတယ်။

ပေါမာဆန်ကကတော့ ” ဒီပွဲကို လီဗာပူးအသင်း သက်သောင့်သက်သာ အနိုင်ရသင့်ပါတယ်။ အဲဗာတန်ကို အိမ်ကွင်းမှာ ၂-၀ အနိုင်ရခဲ့ခြင်းအပေါ် အခြေခံပြီး ဒီပွဲမှာ လီဗာပူးတို့ အားထည့်လာဦးမယ်။

ကလော့ပ်မှာက ဆာလာ၊ ဒီယက်ဇ်။ ဒါဝင်၊ ဂျိုတာနဲ့ ဂက်ပိုလို တိုက်စစ်သမားတွေ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေမှာ တစ်ယောက်ကို ၁၀ ဂိုးလောက် သွင်းရင်ကိုပဲ သူတို့က ဂိုး ၅၀ လောက် ရသွားမှာပါ။

ဆိုဘိုစလိုင်က သူ့ရဲ့ စွမ်းဆောင်ရည်ကို လူတိုင်းမြင်အောင် ပြသနေသလို မက်ကယ်လစ္စတာကလည်း ထိပ်တန်း ကစားသမားပါ။ သူက နံပါတ် ၆ သမားအဖြစ် ကစားနေပြီး အဲ့တာက သူ့ရဲ့ နေရာတော့ မဟုတ်ပါဘူး။ အခုချိန်မှာ လီဗာပူးက ပွဲတွေကို အနိုင်ရနေပေမယ့် ကွင်းလယ်ခံစစ်သမား တစ်ဦးလောက်တော့ လိုပါတယ်။

သီယေဂို အယ်ကန်တာရာက ဒဏ်ရာ ပြဿနာတွေနဲ့ ကံမကောင်းပါဘူး။ ဒီရာသီကုန်လို့ သူ လီဗာပူးမှာ ဆက်ရှိနေရင် အံ့ဩမိမှာပါပဲ။ သူက ကစားသမားကောင်းဆိုတော့ လီဗာပူးက သူ့ကို ဇန်နဝါရီမှာ ထွက်ခွင့် မပေးဘဲ ရာသီကုန်မှ အလွတ်ဖြင့် ထွက်ခွင့်ပေးလောက်ပါတယ် ” ဆိုပြီး သုံးသပ်သွားခဲ့ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်မှာတော့ လီဗာပူး ၃-ဝ ဖောရက်စ် ရလဒ် ထွက်ပေါ်မယ် ဖြစ်ပါတယ်။