အထောင် တိုက်စစ်မှုးသစ် ထပ် လိုချင်နေတဲ့ ချယ်ဆီး အသင်းရဲ့ ရေဒါထဲမှာ နာမည်ကြီး တိုက်စစ်သမားတွေရော ပရီးမီးယားလိဂ် လက်ရှိ တိုက်စစ်မှုးတွေပါ ပါဝင်နေပါတယ်။

ဇန်နဝါရီမှာ ချယ်ဆီးအသင်းကို ရောက်လာမယ့် တိုက်စစ်မှူးက ဘရန့်ဖိုဒ့်အသင်းရဲ့ တိုနေးလား နာပိုလီအသင်းရဲ့ အိုဆင်ဟန်လား ဆိုတာကို အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက အခုလို သုံးသပ် ထင်မြင်ချက်ပေးသွားပါတယ်။

ရိုမန်နိုကတော့ “ ချယ်ဆီးအသင်းဟာ ဇန်နဝါရီဈေးကွက် မတိုင်ခင်မှာ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်နေတာ သေချာပါတယ်။

တိုက်စစ်ပိုင်းနေရာမှာ သူတို့က အိုင်ဗန် တိုနေး၊ ဗစ်တာ အိုဆင်ဟန်တို့နဲ့ သတင်းတွေ ထွက်ထားတယ်။ နှစ်ဦးလုံးက ထိပ်တန်း လက်မှတ်ထိုးမှုတွေ ဖြစ်လာမှာ သေချာပါတယ်။

သို့ပေမယ့် အိုဆင်ဟန်ကို ဇန်နဝါရီမှာ နာပိုလီကနေ ခေါ်ထုတ်ဖို့ ကြိုးစားနိုင်ရေးဆိုတာ အတော်လေးကို ခက်ခဲတဲ့ ကိစ္စ ဖြစ်သွားမယ်လို့ ကျနော် မြင်နေဆဲပါ ” လို့ ဆိုခဲ့တယ်။

ဘရန့်ဖို့ဒ် တိုက်စစ်မှုး တိုနေးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထိ ပွဲပယ်ခံထားရတာဖြစ်ပြီး ပရီးမီးယားလိဂ် အဆင့်မှာ ကြံ့ခိုင်မှု ကောင်းကောင်း ပြန်ကစားနိုင်ဖို့ အချိန်တစ်ခု ယူရပါလိမ့်မယ်။

အိုဆင်ဟန်ရဲ့ စာချုပ်က ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်မှာဖြစ်ပြီး နာပိုလီအသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း ဈေးကောင်းတစ်ရပ်ဖြင့် ရောင်းထုတ်နိုင်ရေး ကြိုးစားသွားဖို့ ရှိနေပါတယ်။