ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ စပါးနဲ့ မန်ယူ တိုက်စစ်သမားဟောင်းကြီး ဘာဘာတော့ဗ် ကတော့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထုတ်လာပြီ ဖြစ်ပါတယ်။

Chelsea v Brentford

ကျနော်ကတော့ ချယ်ဆီးဘက်က ရှိနေပါမယ်။ သူတို့ တည်ငြိမ်မှုတွ ရှာဖွေနိုင်ဖို့ လိုအပ်နေပါပြီ။ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ရာမှာ အာဆင်နယ်ပွဲတုန်းကလို ဖြစ်လို့ မရပါဘူး။ သူတို့က ဒီပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ အရည်အချင်း ရှိနေပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 1-0 ဘရန့်ဖိုဒ့်

Arsenal v Sheff Utd

အာဆင်နယ်တို့ နိုင်ပွဲရသင့်ပါတယ်။ ကျနော်ကတော့ သူတို့ နိုင်မယ်လို့ပဲ မြင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့အတွက် ရှက်ဖီးယူနိုက်တက်ဟာ ခက်ခဲတဲ့ စမ်းသပ်မှုကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ရှက်ဖီး

Liverpool v Nottingham Forest

လူတွေ အများကြီးက လီဗာပူးကို သိပ်ပြီး အာရုံမထားကြဘူး။ ဒီကောင်တွေ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူးလို့ ထင်မြင်ချက်တွေ ပေးနေကြတယ်။ လီဗာပူးကို နီးနီးစပ်စပ် လေ့လာကြည့်ရင် သူတို့က လူတိုင်း အံ့ဩသင့်အောင် လုပ်ပြနိုင်နေဆဲပါ။ သူတို့ ဒီပွဲကို အနိုင်ရသွားဦးမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 ဖောရက်စ်။

Man Utd v Man City

ကိုပင်ဟေဂင်ကို ရင်ဆိုင်းတုန်းကလို ပြိုင်ဘက်ကို လွတ်လွတ်လပ်လပ် ပေးကစားလိုက်ရင် ဒီပွဲမှာ မန်ယူနိုက်တက်တို့ ခံစားသွားရလိမ့်မယ်။

ကျနော်ကတော့ ဒီပွဲ သရေကျမယ် ထင်ပါတယ်။ အကယ်လို့ ယူနိုက်တက်က အမှားတွေ လုံးဝ မလုပ်မိဘူးဆိုရင် သူတို့ အားလုံး အံ့ဩသင့်စေမယ့် နိုင်ပွဲ ရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 1-1 မန်စီးတီး။

အခြားပွဲစဉ်တွေအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Crystal Palace 0-2 Spurs
  • Bournemouth 2-1 Burnley
  • Wolves 1-1 Newcastle
  • West Ham 1-0 Everton
  • Aston Villa 3-0 Luton
  • Brighton 2-1 Fulham