ဒီတပတ် ကြားရက်မှာတော့ ကာရာဘောင်း ပွဲစဉ်တွေ ယှဉ်ပြိုင် ရမှာ ဖြစ်ကာ ဒီပြိုင်ပွဲထဲမှာ ကြီး ၆ ကြီးထဲက စပါးနဲ့ မန်စီးတီးကလွဲရင် ကျန် အသင်းကြီးတွေ ဆက်ရှိနေဆဲပါ။ ဒီပွဲတွေအတွက် ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ကာရေဂါရဲ့ ခန့်မှန်းရလဒ်တွေ ဖြစ်ပါတယ်။

Man Utd vs Newcastle United

ကျနော်ကတော့ မန်ချက်စတာ ယူနိုက်တက်ဘက်က ရှိနေမှာပါ။ သူတို့အသင်းမှာ ဒဏ်ရာ ပြဿနာတွေ အများကြီး ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အဲ့ကစားသမားတွေထဲက နည်းနည်းလေး ပြန်ကစားနိုင်ရင်ကို သူတို့ လူစာရင်းက နယူးကာဆယ်ထက် ကျစ်လစ်ပါတယ်။

နှစ်သင်းလုံးက လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်ကွင်း အားသာချက်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်က နောက်တစ်ဆင့်ကို တက်သွားပါလိမ့်မယ်။

ကာရေဂါ ခန့်မှန်းရလဒ်။ ။ Man Utd 1-0 Newcastle United

Bournemouth vs Liverpool

ဒီပွဲမှာ ကျနော်ကတော့ လီဗာပူးပဲ ရွေးမှာပါ။ လီဗာပူးက လူစာရင်းကို အများကြီး ပြောင်းလဲလိုက်မှာမို့ အကျိတ်အနယ် ရှိမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ အရန်ခုံမှာလည်း တောင့်တင်းတဲ့ လူစာရင်း ရှိပါတယ်။

မန်စီးတီးက ဒီပြိုင်ပွဲကနေ ထွက်သွားရပြီ ဖြစ်တာမို့ ကာရာဘောင်းကို အနိုင်ရရေးဟာ အသင်းတိုင်းအတွက် အခွင့်အရေးကောင်း ရှိနေပါတယ်။ ဒီပွဲကို အဆုံးအဖြတ်ပေးဖို့ရာ ယာဂင်ကလော့ပ်ဟာ အရန်ခုံက သူ့ရဲ့ ကစားသမားကြီးတွေကို ထည့်သုံးနိုင်ပါတယ်။

ကာရေဂါ ခန့်မှန်းရလဒ်။ ။ Bournemouth 1-2 Liverpool

Chelsea vs Blackburn Rovers

ချယ်ဆီး ဒီပွဲကို နိုင်သွားဖို့ မျှော်လင့်ပါတယ်။ မန်နေဂျာပိုချက်တီနိုလက်ထက် သူတို့က ပိုပြီး အသင်းလိုက်ဖြစ်လာနေတာမို့ ဒီပွဲတော့ သက်သောင့်သက်သာ နိုင်သွားမယ် ထင်ပါတယ်။

ကာရေဂါ ခန့်မှန်းရလဒ်။ ။ Chelsea 3-0 Blackburn Rovers

West Ham United vs Arsenal

ဒီပွဲကတော့ ပွဲကြီးပွဲကောင်းပဲ။ ယူရိုပါလိဂ် ကစားဖို့လည်း ရှိနေတဲ့ ဝက်စ်ဟမ်း အသင်းက ဒီပွဲကို ဘယ်လို ပွဲထွက်လာမလဲပေါ်ပဲ ရလဒ်က မူတည်သွားမယ်။ ဒီတော့ ကျွန်တော်ကတော့ ဝက်စ်ဟမ်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်မယ်လို့ ရွေးချယ်တယ်။

ပွဲကတော့ တကယ်ကို အကြိတ်အနယ် အပြန်အလှန် ရှိမှာပါ။ အာဆင်နယ်ကလည်း လူစာရင်း အပြောင်းအလဲ နည်းနည်း လုပ်လာပါလိမ့်မယ်။

ကာရေဂါ ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်မယ်

အခြားပွဲစဉ်တွေအတွက် ကာရေဂါ ခန်မှန်းရလဒ်များ

  • Mansfield Town 1-0 Port Vale
  • Ipswich Town 2-1 Fulham
  • Everton 2-0 Burnley
  • *Exeter City – Middlesbrough