ဒီနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်းဖလား ၁၆ သင်းအဆင့် ပွဲစဉ်မှာတော့ အသင်းကြီး အချို့ ထပ်မံ ထွက်ခွာ နှုတ်ဆက်သွားပြီ ဖြစ်ပါတယ်။

လန်ဒန်ဒါဘီအဖြစ် ဝက်စ်ဟမ်းနဲ့ အာဆင်နယ်ပွဲမှာ အိမ်ရှင် ဝက်စ်ဟမ်း အသင်းက ၃ ဂိုးပြတ် ဦးဆောင်ထားခဲ့ပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာ အာဆင်နယ်တို့ ခြေပဂိုး ပြန်ရခဲ့ပေမယ့် ဆေးမမှီတော့ဘဲ ၃-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

အသင်းဟောင်းကို ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ရိုက်စ်ဟာ ဒီရာသီ ပထမဆုံး ဖလားတစ်လုံးကို လက်လျော့ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီတလော ဖိအားတွေများနေတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်ကလည်း အိမ်ကွင်းမှာတင် နယူးကာဆယ်ကို ၃ ဂိုးပြတ် ထပ်ရှုံးခဲ့တာကြောင့် ချန်ပီယံကာကွယ်ရေးအား ခပ်စောစောမှာတင် ဆုံးရှုံးခဲ့ပါပြီ။ ဒီပွဲအပြီး နည်းပြက ပရိသတ်တွေကို တောင်းပန်သွားပေမယ့် မန်ချက်စတာမှာတော့ အတော်လေး ပွက်လောရိုက်နေပါပြီ။

ချယ်ဆီးအသင်းက ချန်ပီယံရှစ်ပြိုင်ဘက် ဘလက်ဘန်းကို ၂-၀ ဖြင့် သက်သောင့်သက်သာ အနိုင်ရခဲ့ချိန် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကလည်း ခြေစွာလွန်းနေတဲ့ ဒါဝင်ရဲ့ သွင်းဂိုးကြောင့် ၂-၁ ဖြင့် အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ လီဗာပူးဟာ ရေပန်းအစားဆုံး ဖြစ်လာခဲ့တယ်။

အခြားသော ပရီးမီးယားလိဂ် နှစ်သင်းဖြစ်တဲ့ အဲဗာတန်နဲ့ ဖူလ်ဟမ်တို့ကလည်း နောက်အဆင့်ကို တက်လာခဲ့ကြတယ်။

ဒီပွဲတွေ အပြီးမှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် မဲခွဲရလဒ်တွေ ထွက်ပေါ်လာပြီ ဖြစ်ပြီး အောက်ပါတိုင်း ထိပ်တိုက် တွေ့ကြမှာပါ။

  • Everton vs Fulham
  • Chelsea vs Newcastle United
  • Port Vale vs Middlesbrough
  • Liverpool vs West Ham