ဝိန်းရွန်းနီကတော့ မန်ချက်စတာ ယူနိုက်တက် ပြိုဆင်းနေမှုမှာ ကစားသမားတွေကြောင့်လည်း ပါပြီး တာဝန်လည်း ရှိကြောင်း ထောက်ပြ ဝေဖန်သွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး ဟွိုင်လန်းကို ကူညီမှုတွေ လုပ်ပေးဖို့ရာ တွဲဘက်ပေးနိုင်မယ့် တိုက်စစ်သမားသစ် ခေါ်ယူသွားဖို့ ရည်မှန်းနေပါတယ်။

လောလောဆယ် ယူနိုက်တက် ချိန်ရွယ်နေတယ် သတင်းထွက်နေတဲ့ တိုက်စစ်မှုးတွေကတော့ ဘရန့်ဖို့ဒ်မှ တိုနေး၊ နာပိုလီမှ အိုဆင်ဟမ်နဲ့ ပေါ်တိုမှ မက်ဒီ တာရေမီ တို့ ဖြစ်ကြပါတယ်။

ကွင်းလယ် ကစားသမား ကာဆီမီရိုဟာ တံကောက်ကြော ဒဏ်ရာ ရသွားတာကြောင့် သီတင်းပတ် အတန်ကြာ အနား ယူရမယ်လို့ မန်ချက်စတာ ယူနိုက်တက်က သတင်းထုတ်ပြန်သွားပါတယ်။

ကာဆီမီရို ဟာ နယူးကာဆယ်ကို ၃-၀ ဖြင့် အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းပွဲမှာ ဒဏ်ရာကြောင့် ကွင်းထဲ ထွက်ခွာ ခဲ့ရတာပါ။ ကာဆီမီရို ဘယ်လောက်ကြာကြာ နားရမယ် သေချာမသိရပေမယ့် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီ လောက်ထိ ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ သတင်း ထွက်နေပါတယ်။

ရလဒ်တွေ ဆိုးဝါးနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ တန်ဟက် ကို ထုတ်ပယ်ဖို့ မရှိသေးဘဲ နယ်သာလန်သား နည်းပြကြီးဘက်မှ ဆက်လက် ထောက်ခံမှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

နည်းပြတန်ဟက်နဲ့ ဆန်ချိုကြား ပြဿနာဟာ ကာလတိုအတွင်းမှာ ပြေလည်မှုရဖို့ လမ်းမမြင်သေးတာနဲ့အတူ ကလပ် တာဝန်ရှိသူတွေက ဇန်နဝါရီမှာတင် တိုက်စစ်သမားသစ် ခေါ်ယူသွားမှာပါ။

ဆာဂျင် ရက်ကလစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅% ကို ဝယ်ယူသွားမှာဖြစ်တဲ့အပြင် အိုမင်းနေတဲ့ ကလပ်ရဲ့ အခြေခံ အဆောက်အဦးတွေ အတွက် ပေါင် ၂၄၅ သန်း အကုန်အကျခံ ရင်းနှီးမြုပ်နှံပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။