ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် တိုက်စစ်သမားဟောင်း ဘာဘာတော့ဗ်ရဲ့ ရလဒ် ခန့်မှန်းများအား ဖော်ပြသွားမှာဖြစ်ပါတယ်။

Fulham vs Manchester United

၁၂ ခွဲကြီး ကန်ရမှာကွာ၊ ဒီအချိန်ကြီး သိပ်မုန်းတာပဲ။ မနက်ပဲကန်ကန် နေ့ခင်းပဲ ကန်ကန် မန်ယူနိုက်တက် နိုင်ဖို့တော့လိုတယ်။ သူတို့ ရမှတ်တွေရဖို့ လိုနေပါတယ်။

ဖူလ်ဟမ်ကလည်း အမှတ်တွေရဖို့ လိုနေပါတယ်။ သူတို့ ရုန်းကန်မနေရရင်တော့ ပိုကောင်းကောင်း လုပ်ပြနိုင်ပါတယ်။ ကြားရက်တုန်းက မန်ယူနိုက်တက်တို့ ပွဲကစားထားတာမို့ သူတို့အတွက် ခက်ခဲတဲ့ ပွဲစဉ်ဇယား ရှိနေတာပါ။ ဒီတော့ ဒီပွဲတော့ သရေကျမယ် ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Fulham 1-1 Man Utd

Man City v Bournemouth

ကျနော်လည်း underdog ဇာတ်လမ်းလေးတွေ ကြိုက်တဲ့သူ တစ်ဦးပါ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီးပဲ အေးဆေး နိုင်သွားပါလိမ့်မယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Man City 3-0 Bournemouth

Newcastle United vs Arsenal

ဒီပွဲက ပွဲကြီးပါ။ မတူညီတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်နေရခြင်းကြောင့် နယူးကာဆယ်တို့ ပင်ပန်းနေပေမယ့် သူတို့ ရလဒ်ကောင်းတွေ ယူထားပါတယ်။ ဒီပွဲ အာဆင်နယ် ရှုံးတောင်သွားနိုင်ပါတယ်။ ဒါပေမယ့် သရေတစ်မှတ်တော့ ယူသွားမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Newcastle 2-2 Arsenal

Luton Town vs Liverpool

လီဗာပူးက သိပ်ကောင်းနေတယ်။ ဘယ်သူမှ သူတို့ကို အာရုံမစိုက်တာကလည်း အကူအညီဖြစ်စေပါတယ်။ လူတန်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာမှာဖြစ်ပြီး သူတို့ နိုင်သွားတာမျိုး ကျနော် မြင်ချင်ပါတယ်။ ဒါပေမယ့် ထိပ်ဆုံးနေရာတွေအတွက် လီဗာပူးက နိုင်ပွဲလိုတော့ သူတို့ပဲ နိုင်မှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Luton Town 0-2 Liverpool

Tottenham Hotspur vs Chelsea

စပါးတို့ ချယ်ဆီးကို အထင်မသေးသင့်ဘူး သူတို့ ခံစားသွားရမယ်။ ဒီပွဲဟာ ချယ်ဆီးရဲ့ အမှားတွေကို အခွင့်အရေးယူပြီး ထိုးနှက်ဖို့ စပါးအတွက် အခွင့်အရေးပဲ။ စပါးတို့ ဒီပွဲကို အာရုံစိုက် ကစားရင် နိုင်သွားမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Tottenham 2-1 Chelsea

အခြားပွဲစဉ်တွေအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

Brentford 1-0 West Ham

Sheffield United 1-0 Wolves

Burnley 1-1 Crystal Palace

Everton 1-3 Brighton

Nottingham Forest 1-2 Aston Villa