လန်ဒန်ဒါဘီပွဲစဉ် အပါအဝင် ပွဲကောင်းတွေ ပါဝင်နေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အတွက် ဝါရင့် သုံးသပ်သူ ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းရလဒ်တွေ ဖြစ်ပါတယ်။

Fulham vs Manchester United

ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က လန်ဒန်မှာဆိုရင် သိပ်ပြီး ရလဒ်မကောင်းတတ်ပါဘူး။ ယူနိုက်တက်က ကစားပုံ မကောင်းသလို ပွဲတွေကို ဆက်တိုက် အရေးနိမ့်နေတယ်။ သူတို့ ယုံကြည်မှု လုံးဝ ကျဆင်းနေပါတယ်။

ဒီရာသီ ပွဲအချို့ကို ယူနိုက်တက်တို့ အနိုင်ရထားပေမယ့် သူတို့ ခြေစွမ်းက မကောင်းပါဘူး။ နည်းပြက အတော်လေး ဖိအားဝင်နေပြီး အဲ့တာကပဲ အခြေအနေကို ပိုဆိုးစေမှာပါ။ ကျနော်တော့ ဖူလ်ဟမ် အနိုင်ပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Fulham 1-0 Manchester United

Manchester City vs Bournemouth

ရိုဒရီ ပြန်ပါလာတဲ့နောက် မန်စီးတီးက လုံးဝကို ခြားနားတဲ့အသင်း ဖြစ်သွားပါတယ်။ အနောက်မှာ ရိုဒရီ ရှိနေတော့ ဘာနာဒိုကလည်း ဘောလုံးနဲ့အတူ သူလုပ်ချင်တာကို လုပ်ခွင့်ရသွားပြီး သိပ်ကောင်းကောင်း လုပ်ပြနိုင်ပါတယ်။

ဘန်လေကို ရင်ဆိုင်တဲ့ပွဲမှာ ဘုန်းမောက်က သူတို့ရဲ့ ပထမဆုံး နိုင်ပွဲကို ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မန်စီးတီးကို ပြဿနာကြီးတွေ ပေးနိုင်မှာ မဟုတ်ပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man City 3-0 Bournemouth

Newcastle United vs Arsenal

ဒီပွဲကို အာဆင်နယ် အနိုင်ရမယ်ဆိုရင် သူတို့နဲ့ မန်စီးတီးကြား ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ အနည်းငယ် အသာစီးရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ နယူးကာဆယ်မှာ ဒဏ်ရာ ပြဿနာတွေ ရှိနေပေမယ့် သူတို့က အိမ်ကွင်းကောင်းတဲ့ အသင်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ ရလဒ်က အာဆင်နယ်ကို ခပ်ကြာကြာ နာကျင်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ထိခိုက်မှုတော့ ရှိမှာမို့ ဒီပွဲ သရေကျမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Newcastle 1-1 Arsenal

Luton Town vs Liverpool

လီဗာပူးက မယုံနိုင်လောက်အောင် ရလဒ်တွေ ကောင်းနေပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ သူတို့ ၁ ပွဲပဲ ရှုံးထားတာဖြစ်ပြီး အဲ့ပွဲကလည်း VAR ကြောင့် ထိခိုက်ခဲ့တဲ့ စပါးကို ရင်ဆိုင်ရတဲ့ပွဲ ဖြစ်ပါတယ်။ လီဗာပူးက အမြင့်ပျံနေတာမို့ ဒီပွဲကို သက်သောင့်သက်သာ အနိုင်ရသင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Luton Town 0-3 Liverpool

Tottenham Hotspur vs Chelsea

ဒီပွဲ ကွင်းထဲမှာ ကျနော် ရှိနေမှာပါ။ ချယ်ဆီးတို့ ရှုံးမယ်လို့ မမြင်ပါဘူး။ ဒီရာသီ ချယ်ဆီးကို ဖွင့်တိုက်တဲ့ ကလပ်တွေက လွယ်ကူခဲ့ကြတာ မဟုတ်ပါဘူး။ ဒါကို အာဆင်နယ်၊ လီဗာပူးပွဲတွေမှာ မြင်ထားရပါတယ်။

စပါးတို့ အားကုန်ထုတ်ပြီး တိုက်စစ်ကစားမှာက ချယ်ဆီးကို အားသာစွာစေမှာပါ။ စပါးကို အထင်သေးတာ မဟုတ်ပေမယ့် ဒီပွဲမှာ ချယ်ဆီးပဲ နိုင်မယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Tottenham 1-2 Chelsea

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Brentford 2-2 West Ham

Sheffield United 1-3 Wolves

Burnley 1-0 Crystal Palace

Everton 1-0 Brighton

Nottingham Forest 1-3 Aston Villa