ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ဘောလုံးပွဲ ခန့်မှန်းသူ ခရစ်ဆက်တန်ကတော့ အခုလိုပဲ ရလဒ် ခန့်မှန်းသွားပါတယ်။

Fulham vs Manchester United

ကျနော် တန်ဟက်ကို သဘောကျပါတယ်။ မနှစ်က သူ အကောင်းဆုံး လုပ်ပြထားတာပါ။ ဒါပေမယ့် အခုတော့ သူ ကြီးမားတဲ့ ဖိအားတွေအောက် ရောက်နေပါပြီ။

အားလုံးကို ခြုံငုံ သုံးသပ်မယ်ဆိုရင် ယူနိုက်တက် အရှုံးပဲလို့ ကျနော် ခန့်မှန်းသင့်တာပါ။ ဒါပေမယ့် ဖူလ်ဟမ်ကလည်း မနှစ်ကလို မကောင်းပါဘူး။ အထူးသဖြင့် တိုက်စစ်ညံ့တာကြောင့် ဒီပွဲက သရေပွဲပဲ ဖြစ်သွားပါလိမ့်မယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Fulham 1-1 Man Utd

Man City v Bournemouth

နောက်ဆုံးမှာတော့ ဘုန်းမောက်ဟာ နည်းပြ Iraola နဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကို စရသွားခဲ့ပါပြီ။ ဒါပေမယ့် သူ့အသင်းက ခက်ခဲတဲ့ နေ့ခင်းတစ်ခုအဖြစ် အီတီဟက်ထံ သွားရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ ကစားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၂၁ ပွဲလုံးကို အနိုင်ရထားပါတယ်။

နည်းပြ ဂွာဒီယိုလာက လူစာရင်းကို အနည်းငယ် ပြောင်းလဲမှာဖြစ်ပေမယ့် ရလဒ်ကတော့ အတူတူပါပဲ။ စီးတီးပဲ နိုင်သွားမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Man City 4-0 Bournemouth

Newcastle United vs Arsenal

နှစ်သင်းလုံးကတော့ ဒီပွဲမှာ လူစာရင်း အပြည့် ထုတ်သုံးလာမှာပါ။ ဒီပွဲက အကျိတ်အနယ် ရှိမယ်လို့ ထင်ပါတယ်။ ဂိုးတွေ သိပ်များမှာ မဟုတ်ပေမယ့် အာဆင်နယ်ကပဲ အနိုင် ၃ မှတ် အပြည့် ရသွားမယ်လို့ ကျနော် ခံစားမိနေပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Newcastle 0-2 Arsenal

Luton Town vs Liverpool

လူတန်က အိမ်ကွင်းမှာ သိပ် မတောက်ပပါဘူး။ ကျွန်တော် လူတန်ကို ဘယ်လိုမှ အားမရဘူး။ ဖြေတွေးပြီး ပြောရမယ် ဆိုရင်တော့ လူတန်က ဘဝမှာ ပထမဆုံး အကြိမ် အင်္ဂလန်ရဲ့ အဆင့် အမြင့်ဆုံးလိဂ်မှာ ကစားဖူးတာလေ။ သူတို့က လီဗာပူးရဲ့ တိုက်စစ် လှှိုင်းလုံးတွေကို ရပ်တန့်နိုင်စရာ မမြင်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Luton Town 0-3 Liverpool

Tottenham Hotspur vs Chelsea

စာရွက်ထဲမှာတော့ ဒီပွဲက ခန့်မှန်းရလွယ်တယ်။ စပါးက ဇယားထိပ်မှာ ရှိနေပြီး နည်းပြ ပိုစတီကိုဂလူ လက်ထပ်မှာ မရှုံးသေးဘူး။ ချယ်ဆီးကတော့ ဖရိုဖရဲ ဖြစ်နေတယ်။ အချက်အလက်တွေတိုင်းက အိမ်ရှင် အနိုင်ပဲ လို့ ညွှန်းဆိုနေတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Tottenham 2-0 Chelsea

အခြားပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်းရလဒ်များ

Brentford 2-0 West Ham

Sheffield United 0-1 Wolves

Burnley 1-1 Crystal Palace

Everton 2-1 Brighton

Nottingham Forest 0-2 Aston Villa