ဒီ ၂၀၂၃-၂၄ ဘောလုံးရာသီ ရဲ့ တတိယမြောက် နိုင်ငံတကာ သီတင်းပတ်ကတော့ ဒီနိုဝင်ဘာလထဲမှာ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ကလပ်ပွဲတွေ မရှိသည့်တိုင် လာမယ့် သီတင်းပတ် ၂ ပတ် အတွင်း ကိစ္စတွေ များစွာ ဖြစ်လာဖို့ ရှိနေပါသေးတယ်။

ရှယ်ယာရှင် အပြောင်းအလဲ

ဆာ ဂျင် ရက်ကလစ် ဟာ မန်ချက်စတာ ယူနိုက်တက် ရှယ်ယာ ၂၅% ကို လက်လွှတ် ဝယ်ယူမှု အပြီးသတ် လုပ်ဆောင်တော့မှာပါ။ ရက်ကလစ် ရှယ်ယာရှင် ဖြစ်လာတာနဲ့ အသင်းအတွက် ပြုပြင်ပြောင်းလဲမှုတွေ စတင် လုပ်ဆောင်မှာ ဖြစ်ပြီး ဇန်နဝါရီ ကစားသမား ရောင်းချမှုတွေပါ ပြင်ဆင်မှာ ဖြစ်ပါတယ်။

ဟွိုင်လန်း နဲ့ အဲရစ်ဆန် ဒဏ်ရာ

ပရီးမီးယားလိဂ် သွင်းဂိုး မရသေးတဲ့ ဟွိုင်လန်း ဟာ ဒီအပတ် လူတန်ကို နိုင်တဲ့ပွဲမှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကတော့ ဟွိုင်လန်း ဒဏ်ရာ မပြင်းထန်ပြီး ဒီကာလအတွက် ပြန် ထူထောင်လာဖို့ မျှော်လင့် နေပါတယ်။ ဟွိုင်လန်း နည်းတူ ဒိန်းမတ်အသင်းမှာ ရွေးချယ်ခံထားရတဲ့ ကွင်းလယ် ကစားသမား အဲရစ်ဆန်လည်း ဒဏ်ရာ ရထားပါတယ်။

အမျိုးသမီး ဒါဘီပွဲ

မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းက နိုဝင်ဘာ ၁၉ ရက်နေ့မှာ မန်စီးတီး နဲ့ ဒါဘီပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ အခုချိန် ၆ ပွဲ ကစားပြီးချိန်မှာ ယူနိုက်တက် အသင်းက အမျိူးသမီးလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီး စီးတီး ကတော့ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

ဆန်ချို

ဂျေဒန် ဆန်ချို က စီနီယာ အသင်းကြီးရဲ့ လှုပ်ရှားမှု မှန်သမျှကနေ အပိတ်ပင်ခံထားရတာ လနဲ့ချီ ကြာလာပြီ ဖြစ်ပြီး ဒီလထဲမှာ အင်္ဂလန်သား တောင်ပံသမားရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ သတင်းထူး တစ်ခုခု ကြားရမလား မျှော်လင့်နေကြပါတယ်။