အိမ်ကွင်း အမ်းမရိတ်မှာ ပြီးခဲ့တဲ့ပွဲတုန်းက အာဆင်နယ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့နောက် နည်းပြ ကွန်ပနီကတော့ အာတီတာရဲ့ အသင်းဟာ ရင်ဆိုင်ရ ခက်ခဲလွန်းတဲ့ အသင်းကောင်းလို့ ချီးကျူးလိုက်ပါတယ်။
ချန်ပီယံရှစ်မှာ ကစားပုံကောင်းတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဘန်လေဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ ရုန်းကန် နေရတာပါ။ သူတို့ဟာ အာဆင်နယ်ရဲ့ အတောင့်တင်းဆုံး မဟုတ်တဲ့ လူစာရင်းကိုတောင် မယှဉ်နိုင်ခဲ့ပါဘူး။
နည်းပြ ကွန်ပနီက ” ဘာအမှားမှ မလုပ်တဲ့ အသင်းကောင်းတစ်သင်းကို ကျနော်တို့ ရင်ဆိုင်ခဲ့ရတာပါ။ အာတီတာရဲ့ အသင်း အလုပ်လုပ်ပုံက ထူးချွန်လွန်းပါတယ်။
ကျနော်တို့ ယှဉ်ကစားခဲ့တဲ့ စွမ်းဆောင်အရည်အရ ကျနော်တို့ဟာ ကံနည်းနည်းကောင်းဖို့ ဒါမှမဟုတ် တစ်ဦးချင်း အခိုက်အတန့်တွေမှာ အားပြု ကစားခဲ့ရပါတယ်။ ထိပ်တန်းအသင်း တစ်သင်းကို ရင်ဆိုင်ရတာက ကိုယ့်ကို ပိုပြီး ပုံစံကောင်းတွေ ရလာစေပါတယ်။
ကျနော် အာဆင်နယ်ကိုလည်း အသိအမှတ် ပြုပါတယ်။ သူတို့ ကစားတာ သိပ်ကောင်းပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အတော်လေးယူပြီး ကိုယ့်ရဲ့ ဧရိယာထဲကို ဝင်ကစားသွားတယ်၊ တည်ကန်ဘောတွေ ရအောင်လည်း ဖန်တီးနိုင်တယ်၊ သူတို့ရဲ့ တည်ကန်ဘော ခြိမ်းခြောက်မှုကလည်း သိပ်ကြီးတယ်။
အာဆင်နယ်ကို ယှဉ် ကစားနိုင်ဖို့ ကြိးစားပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို ရင်ဆိုင်ရတာ မလွယ်ကူဘူး ဆိုတာ မမေ့ကြပါနဲ့ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။