မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒိန်းမတ်သား ကစားသမား နှစ်ဦး ဖြစ်တဲ့ ကွင်းလယ် ကစားသမား အဲရစ်ဆန်နဲ့ တိုက်စစ်မှုး ဟွိုင်လန်း တို့ဟာ ဒီလထဲ ကစားမယ့် ဒိန်းမတ် လက်ရွေးစင် အသင်း လူစာရင်းကနေ ဒဏ်ရာ ကိုယ်စီကြောင့် နှုတ်ထွက်လိုက်ရပါတယ်။

အဲရစ်ဆန်နဲ့ ဟွိုင်လန်းတို့ဟာ ပြီးခဲ့တဲ့ လူတန်တောင်းနဲ့ ပွဲမှာ ထိသွားခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ဘက်က အဲရစ်ဆန်နဲ့ တိုက်စစ်မှုး ဟွိုင်လန်းတို့ ဒဏ်ရာ အခြေအနေ ကိစ္စရပ်များကို တရားဝင် ထုတ်ဖော် အသိပေးလာပြီ ဖြစ်ပါတယ်။

ဝါရင့် ကွင်းလယ် ကစားသမား အဲရစ်ဆန် က ပွဲ အတွက်မှာ ဖြစ်နေကြ ဒူး ဒဏ်ရာ ရခဲ့တာ ဖြစ်တယ်လို့ ယူနိုက်တက်က အတည်ပြုသွားခဲ့ပြီး တစ်လလောက် အနားယူ ကုသရမယ် လို့ သိရပါတယ်။

ဒါကြောင့် အဲရစ်ဆန် ဟာ ဒီဇင်ဘာ လလယ်လောက်ထိ ယူနိုက်တက် ပွဲတွေကို လွဲချော်ဖွယ် ရှိပါတယ်။ ဒါပေမယ့် ခရစ္စမတ် ပွဲကြပ်ကာလအမှီတော့ ဒိန်းမတ် ကွင်းလယ်လူက ပြန် ကစားနိုင်ဖွယ် ရှိပါတယ်။

တဖက်မှာ တိုက်စစ်မှုး ဟွိုင်လန်းကလည်း လူတန်နဲ့ ပွဲမှာပဲ ကြွက်သား ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး ၎င်းကတော့ နိုဝင်ဘာလ အကုန်လောက်မှာ ပြန် ကစားနိုင်မယ် မျှော်လင့်ရကြောင်း ယူနိုက်တက် အသိပေးချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့ အဲဗာတန်နဲ့ ပွဲမှာတော့ ဟွိုင်လန်း ပါဝင် ကစားဖို့ မသေချာလှပါဘူး။

ဒိန်းမတ်သား တိုက်စစ်မှုးဟာ ဂါလာတာစာရေးနဲ့ ကန်ရမယ့် ချန်ပီယံလိဂ် ပွဲ အမှီတော့ ယူနိုက်တက်နဲ့ အတူ ပြန် ကစားနိုင်အောင် ကြိုးစားဖွယ် ရှိပါတယ်။ ဟွိုင်လန်းဟာ ချန်ပီယံလိဂ်မှာ ဂိုးမြူးနေပေမယ့် ပရီးမီးယားလိဂ်မှာ သွင်းဂိုး မရရှိသေးဘူး ဖြစ်နေပါတယ်။