ချယ်ဆီးအသင်းဟာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပေမယ့် အိုဆင်ဟမ်၊ အိုင်ဗန် တိုနေးတို့ ခေါ်ယူဖို့ ဆိုရင်တောင် အသင်းမှာ ကိုယ်ပိုင် ပြသနာ ရှိနေတာကြောင့် မလွယ်ဘူးလို့ တယ်လီဂရပ်ဖ် မှ နာမည်ကြီး သတင်းထောက် မတ်လောက သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

” အမှန်အတိုင်း ပြောရရင် ပိုချက်တီနို စိတ်ကြိုက်သာ ခေါ်ယူကြေး ဆိုရင် သူ့ရဲ့ ပထမ ဦးစားပေးက အမ်ဘာပေ ဖြစ်မှာပါ။ ဒါပေမယ့် လက်တွေ့ကျကျပဲ ပြောကြရအောင်။ တကယ့် လက်တွေ့မှာတော့ ပိုချက်တီနို ခေါ်နိုင်တာ ခေါ်ချင်တာ ပထမ ဦးစားပေးက အိုဆင်ဟမ်ပါ။

ဒါပေမယ့် ချယ်ဆီးရဲ့ အကြီးမားဆုံး ပြသနာက သူတို့ရဲ့ လစာ ပေးပုံပဲ။ အဲဒီ လစာပေးနှုန်းနဲ့ဆို သူတို့က ထိပ်တန်း ကစားသမား တစ်ယောက်ကို မခေါ်နိုင်ဘူး။

ဒီပုံဆို အိုင်ဗန် တိုနေးကိုတောင် မခေါ်နိုင်ဘူး။ တိုနေးကလည်း တစ်ပတ် လစာ ၁သိန်း၊ ၁ သိန်း ၂သောင်းလောက်ပဲ ရမယ် ဆို ချယ်ဆီးကို ဘယ်လာမလဲ။

ချယ်ဆီးက လစာ နည်းနည်းနဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် ရရင် သန်းပေါင်းများစွာသော ဘောနပ်စ် ပေးမယ် ဆိုတဲ့ ပုံစံနဲ့ သွားနေတာ။

အိုင်ဗန်တိုနေး အတွက်က ဒီတကြိမ်ဟာ စာချုပ်ကြီး လစာကြီး ရမယ့် နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်တယ်။ သူက တစ်ပတ် ၁သိန်းခွဲ၊ ၂ သိန်ေးလာက် ရတဲ့ဆီပဲ သွားမှာပေါ့။

တွေးကြည့်ရင် အိုဆင်ဟမ်လည်း ဒီလိုပဲ လာမှာ။ သူ အင်္ဂလန် ကို လာတယ် ဆိုရင် လစာကြီး ရမှပဲ လာမှာ။

သူက ပိုချက်တီနိုရဲ့ ဦးစားပေး ပစ်မှတ်ပါ။ ချယ်ဆီး အသင်း အနေနဲ့ အသင်း လစာပေးပုံကို တစ်ခုခု လုပ်ဖို့ စဉ်းစားရတော့မယ်လို့ ထင်ပါတယ်။ ” လို့ မတ် လော က သုံးသပ် ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။