အာဆင်နယ် အသင်းဟာ နောက်ခံလူ ဘမ်ဝှိုက်ကို ကာလရှည် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆို နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

လီဗာပူး U16 အသင်းကို ၁၄ ဂိုး ၃ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ အိုဘီမာတင်က တစ်ဦးတည်း ၁၀ ဂိုး သွင်းယူခဲ့ပါတယ်။ ၁၅ နှစ်အရွယ် အိုဘီမာတင်ဟာ ဒီရာသီမှာ အာတီတာရဲ့ စီနီယာအသင်းမှာပါ ပူးပေါင်း လေ့ကျင့်ခွင့်ရထားသူပါ။

အီတလီနဲ့ မြောက်မက်ဆီဒိုးနီးယားပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ လက်ရွေးစင်အဆင့်မှာ ၄ ကြိမ်ဆက် ပင်နယ်တီ လွဲချော်ခြင်းဖြစ်ပြီး သူ့ကို ပေးမကန်တော့ဖို့ တောင်းဆိုမှုတွေ ရှိနေကြပြီ ဖြစ်ပါတယ်။

ဂျာမနီအသင်းနဲ့ တူရကီပွဲစဉ်မှာ လက်ရွေးစင် နည်းပြ နေဂဲလ်စမန်းက ကွင်းလယ်လူ ဟာဗက်ဇ်ကို ဘယ်အစွန်နေရာ ကနေ ပွဲထုတ်သွားပါတယ်။

ဘရာဇီးနဲ့ အာဂျင်တီးနားပွဲမှာ ဒဏ်ရာ ပြဿနာရှိနေတဲ့ ဂျေးဆုကို အထောင် တိုက်စစ်မှူးအဖြစ် ပွဲထုတ်ဖို့ လက်ရွေးစင်အသင်းက ပြင်ဆင်ထားပါတယ်။

နိုင်ငံတကာ သီတင်းပတ်တွေအပြီးမှာ ကွင်းလယ်လူ အိုဒီဂတ် ပြန်ကစားနိုင်ဖွယ် ရှိကြောင်း နော်ဝေအသင်း ဆရာဝန်က ထုတ်ဖော် ပြောဆိုသွားပါတယ်။