အာဆင်နယ် ခံစစ်သမား တိုမီယာဆုကို ခေါ်ယူရေးအတွက် ဘိုင်ယန်မြူးနစ်က ပစ်မှတ်ထားလာနေပါတယ်။ ဘိုင်ယန်ဘက်ကတော့ နောက်နှစ် နွေမှာ ဂျပန်ခံစစ်သမားကို ခေါ်ယူလိုနေပါတယ်။

လီဗာပူးအသင်းက ကာလရှည် ပစ်မှတ်ထားနေခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ သူရမ်ကို ခေါ်ယူဖို့ အင်တာမီလန်ဘက်က အလေးအနက် စိတ်ဝင်စားလာနေပါပြီ။

အေစီမီလန်ဟာ အာဆင်နယ်အသင်း ခံစစ်မှူး ကီဝီအာကို သဘောကျနေကာ အပြောင်းအရွှေ့ ကိစ္စအတွက် လန်ဒန်ကလပ်နဲ့ တွေ့ဆုံမှု ပြုလုပ်ထားပါတယ်။

ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုကို အငှား ခေါ်ယူဖို့ ချိတ်ဆက် နေဆဲဖြစ်ကာ လုပ်ခ တစိတ်တဒေသကို တာဝန်ယူပေးမယ့် ကမ်းလှမ်းမှုမျိုး ထည့်သွင်းထားပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာတော့ တိုက်စစ်မှုး လူကာကူကို ရှင်းထုတ်နိုင်တော့မယ်လို့ ယုံကြည်ချက် ရှိနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို တိုက်စစ်သမား ဂရစ်စမန်းကြား အပြောင်းအရွှေ့ သတင်းထွက်နေပြီး ဇန်နဝါရီမှာ သူ့ကို ပေါင် ၂၂ သန်းဖြင့် ခေါ်ယူခွင့်ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်နဲ့ စပါးတို့ဟာ ဂျီနိုအာအသင်း ခံစစ်မှူး Radu Dragusin ကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်သွယ် စကားပြောမှု လုပ်ခဲ့ပါတယ်။

ချယ်ဆီးအသင်းက ယူနိုက်တက် ခံစစ်မှူး ဗာရန်းကို ခေါ်ယူဖို့ရာ အခွင့်အရေး ရှိမလားအတွက် ကနဦး ဆွေးနွေးမှု ပြုလုပ်ထားခဲ့ပါတယ်။ မန်ယူနိုက်တက် ဘက်ကတော့ ပြင်သစ်သားကို ရောင်းချဖို့ စိတ်ဝင်စားခြင်း မရှိပုံရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ခေါ်ယူလိုနေဆဲ ဆိုပေမယ့် နွေတုန်းကလို ယူရို သန်း ၆၀ တော့ ပေးတော့မှာ မဟုတ်ပါဘူး။

ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုကတော့ ကက်တလန်ကလပ်ဟာ ဒဏ်ရာရသွားတဲ့ ဂါဗီနေရာ အစားထိုးဖို့ကို ဇန်နဝါရီမှာ ရှာဖွေသွားမှာ မဟုတ်ကြောင်း အတည်ပြုလိုက်ပါတယ်။